ထိုစဉ်တုန်းက မ‌တော်တဆတွေ့မိခဲ့ခြင်းဟာ နောင်တချိန်မှာ ဒီလိုအခြေအနေမျိုးထိဖြစ်လာလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့မိပါ။

ဖူးစာ.....

မင်းယနှင့် ကိုကိုလေးတို့နှစ်ယောက်စတင်ခြင်းဟာ ဒီနေရာမှာဖြစ်ခဲ့သလို သူလည်းပါနေခဲ့သဖြင့် အခု မင်းယသည် ကိုကိုလေးကို လိုအပ်နေခဲ့ချိန်မှာလည်း သူဝင်ပါဖို့ဆုံးဖြတ်ခဲ့သည်။

တချိန်လုံးမှာ ကိုကိုလေးအတွက်သာ တွေးခဲ့သည်မလို့ ဒီအချိန်မှာတော့ သူငယ်ချင်းတစ်ဖြစ်လည်း ယောက်ဖဘက်ကနေပါဖို့ သူလာခဲ့ခြင်း ဖြစ်သည်။

"ကိုကိုလေး သူ့ကိုမသိခင်တည်းက သူ ကိုကိုလေးကိုချစ်ခဲ့တာဆိုတာ ကိုကြီးအသိဆုံးမလို့.... ကိုကြီးရဲ့ ကိုကိုလေးက သူ့ကို အခွင့်အရေးတစ်ခုလောက် ထပ်ပေးလို့ မရဘူးလား"

"ကိုကြီး ဒီကိုလာတာ ဒီအတွက်ပဲလား"

"အင်.... ဆိုပါတော့"

သူမရဲ့ဆုံးဖြတ်ချက်တွေကိုသာ ဦးစားပေးတတ်သောကိုကြီးတောင် သူ့ဘက်ကနေ ပါလာပြီဆိုတော့ ကိုကို့ရဲ့ထွက်ပြေးလာသော ရလာဒ်ဟာ အမှားတစ်ခုဆိုတာ ကိုကြီး မပြောဘဲ သိလိုက်ပါသည်။

"သူ တစ်ခါမှလည်း မပြောပြဘူး"

"မမှတ်မိဘူးလို့ ထင်လို့နေမှာပေါ့... မမှတ်မိဘူးမလား။ ကိုကိုလေးရဲ့ကင်မရာထဲမှာ သူ့ပုံကို ရိုက်ထားတယ်ဆို.... အဲနေ့ကပုံကို သူတွေ့လိုက်လို့တဲ့"

"ဟင် ဟုတ်လား"

အံ့ဩခြင်းတွေ ထပ်ဆင့် ဖြစ်လာသည်။ ကိုကို သူ့ပုံကို ရိုက်ခဲ့တာလား။ ပြန်မကြည့်ဖြစ်လို့ မသိလိုက်တာပဲ။

ဒါတွေဒီ လိုရှိခဲ့လို့ သူမဟာသူ့ကို 'ဘယ်အချိန်ကစပြီး ချစ်တာလဲ' ဆိုပြီး မေးခဲ့စဉ်က သင်္ကြန်မတိုင်ခင်တည်းကလို့ ‌သူပြောခဲ့ခြင်းဟာ စနောက်နေတာမှမဟုတ်ဘူးဆိုတာ သိလိုက်သည်။

ပထဆုံး သူ ပေးခဲ့သောအရာက Colaဘူးမဟုတ်ဘဲ အနာကပ်ပလာစတာတစ်ခုနဲ့ သကြားလုံးတစ်လုံးပဲ။

သူနဲ့စတွေ့ထဲက သူ ကိုကို့ကို မုန့်တွေနဲ့ အမ်းခဲ့တာပဲ။

"ကိုကို ရန်ကုန်မှာ ကင်မရာကျန်ခဲ့တယ် သွားပြန်ယူလို့ရမလား ကိုကြီး"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now