🐉Part27🐉

5.4K 124 21
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part27🐉

Phoenix Hotel and Tourism ကုမ္မဏီ အဆောက်အဦးထဲက နေမီးပုံရဲ့ ရုံးခန်းထဲမှာ နေမီး မင်းယနှင့်နေနိုင်,အသွင် နှင့် သော်တာတို့ငါးယောက် meeting တစ်ခုထိုင်နေဖြစ်ကြ၏။

အကြောင်းအရာကတော့ Alphaကို နာမည်အတည်ပေးဖို့ပင်။သုံးပုံနှစ်ပုံပင် ဟိုတယ်လေးဆောက်လုပ်ပြီးစီးလာခဲ့သဖြင့် သူတို့ဖွင့်ဖို့ အကောင်အထည်ဖော်ရတော့မယ်။

"5Broဆိုရင်ရော"

"ပေါတောတောနဲ့ "

"ပေါလွန်းတယ်"

နာမည်တစ်ခုပြောရင်လဲ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့ ဂျီးများနေကြသေးသည်။

"5Mosters"

"မကြိုက်ဘူး"

"5တောထဲနေ ဘယ်နေ့မှ မင်းတို့ထွက်မှာလဲ"

5ယောက်ရှိတာနဲ့ပဲ ဒီ5ကနေ မဆင်းသဖြင့် နေမီးအမြင်ကပ်လာသည်။

"မင်းကော ဘယ်လို စဉ်းစားထားသေးလဲ မင်းယ"

"ငါကတော့ တစ်ခုပဲရှိတယ် မင်းတို့ကြိုက်ချင်မှ ကြိုက်မှာပါ"

အာ့လိုပြောပြီး သူ့အရှေ့က ကော်ဖီကို ငုံ့သောက်နေသည့်အထိကို ကျန်တဲ့ကောင်က အစအဆုံးပြိုင်တူလိုက်ကြည့်နေကြတာဟာ မသိရင်သူကပဲ ငါ့ကိုပဲကြည့်လို့အမိန့်ပေးနေသည့်အတိုင်း အဖြစ်က။

"ဘာလဲကွာ..."

"ဘာနာမည်လဲ"

နေမီးသည် ဆုံလည်ကုလာထိုင်ကနေထိုင်ပြီး သူ့စားပွဲခုံကို ဘောပင်ထိပ်နှင့်တတောက်တောက်ခေါက်ကာ သူ့စားပွဲခုံကို မှီပြီးရပ်နေသော မင်းယကိုမော့ကြည့်ရင်း စိတ်မရှည်စွာ မေးလေသည်။

ကျန်တဲ့ကောင်တွေက ဆိုဖာပေါ်မှာ ထိုင်ချင်သလိုထိုင်ကာ ဂိမ်းဆော့နေပြီး နာမည်တစ်ခုပြီးတစ်ခု လျှောက်ရွက်နေကြ၏။ဒါက ဘော်ဒါအချင်းချင်းရဲ့meetingထိုင်နေသည့်ပုံရိပ်တစ်ခု။

"Cosmos"

"Cosmos"

နေမီးကပါ အသံထွက်ကာ ဆိုလေသည်။

"အင်း...ငါ့ခေါင်းထဲမှာ ဒီတစ်ခုပဲယာထားတယ်...မင်းတို့ကြိုက်ချင်မှ ကြိုက်ပေါ့"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now