🌸Part11🌸

5.3K 145 13
                                    

 🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

🌸Part 11🌸

   “ဘာ”

“ငါလဲ ညကဖေဖေနဲ့ပါတီလိုက်ရင်းနဲ့ အသိတစ်ယောက်စီကကြားလာတာ၊ဟုတ်မဟုတ်တော့ ငါလည်းမသိဘူး ကောလဟာလလဲဖြစ်ချင်ဖြစ်‌နေမယ် ၊နင်,ကိုနေမီးကို မေးကြည့်ပေါ့ သူတို့ကအချင်းချင်းတွေပဲ”

    အတန်းစော‌‌စောပြီးလို့ အိမ်ပြန်ခါနီးအချိန်ရောက်မှ မိုးခါးသည် ကိုကို့,ကို ထိုသို့အံ့အားသင့်စရာစကားဆိုလေလျှင် ကိုကို့မှာ ကြောက်လန့်တကြားဖြစ်ရကာ ပတ်ဝန်းကျင်တစ်ခုလုံး‌မှောင်အတိဖြစ်ကာ မိုးပြိုနေသည်နှယ်...

“တကယ်ကြီးဆို ငါက...ငါက..ငါ သူ့ရဲ့မိန်းမအငယ်အ‌နှောင်းလား၊မယားငယ်လား ဟမ်!”

“‌ စေ့စပ်ရုံလား ယူသေးလား မယူ‌သေးလားက ငါထပ်မကြားလိုက်ဘူး”

“ငါ့ဘဝတော့ သွားပြီးထင်တယ် မိုးခါး၊ငါလေ....ငါကသူများယောက်ျားကို...”

‘ကိုမင်းထက်ရှားရဲ့သားကဟိုတစ်လောက ‌Golden Blessing Groupရဲ့သမီး... အဆိုတော်မလေးနဲ့ရထားတာ မဟုတ်ဘူးလား ၊အခုကနောက်တစ်ယောက်လား’ဟု ဒယ်ဒီသူငယ်ချင်းဆီကနေ‌ကြားတော ကြောင်သွားသေးသည်။ဘာလဲ အာ့လူက ကိုကိုစုတ်နဲ့လက်ထပ်ထားတာ မဟုတ်ဘဲတစ်ခြားတစ်ယောက်ထပ်ရှိနေလားဆိုပြီး ကိုကိုစုတ်,ကို လာမေးတော့မှ သူမလည်းအခုမှကြားဖူးတာတဲ့......

    မိုးခါးရဲ့သတင်းစကားသံတို့က ကိုကိုနားထဲမှာ သံရေပူတွေ ၊ချော်ရည်တွေ တလဟောလောင်းချလိုက်သလိုပင် ရက်စက်လှ၏။လွန်ခဲ့သည့်တစ်နှစ်လောက်မှာ သူမှာ့မိန်းမရှိခဲ့တယ်တဲ့လား?မရှိဘူးဆိုလဲထားလိုက်ပါတော့......

    မှန်ခဲ့မယ်ဆိုရင် ကိုကို,ကို သူနည်းနည်းလေးပဲဖြစ်ဖြစ် ပွင့်လင်းခဲ့သင့်တယ်ထင်သည်။

      ဖောက်ပြန်ခံလိုက်ရခြင်းဆိုသည့်အသိက ကိုကို့နှလုံးသားထဲသို့ စိမ့်ဝင်လာသည့်အခါ သူ့ကိုမုန်းသည်ထပ် ပို၍နာကျည်းမိသည်။

   သူကိုကို့ကို စက္ကူတစ်ရွက်လိုပင် သူလိုသလိုဆေးချယ်နေခဲ့တားလား?

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now