🐉Part31🐉

5.2K 123 22
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

  🐉Part31🐉

   ပွဲဈေးတန်းကနေပြန်လာအပြီး အဝတ်အစားမလဲဖြစ်ဘဲ တန်းအိပ်ပစ်လိုက်သောကြောင့် မနက်အိပ်ယာနိုးလာတော့ လူက စေးကပ်ကပ်ဖြစ်နေသည်။

ကိုကိုသည် ရေချိုးမျက်နှာသစ်ရန် ရေချိုးခန်းထဲအဝင် အခန်းထဲသို့ ခြေချမလိုခြေထောက်တစ်ဖက်က ရှေ့သို့အချတွင် ပျော့စိ‌စိအချောင်းတွေကိုတတ်နင်းမိသွား‌သောကြောင့် မျက်လုံးစုံမှိတ်ကာ အနောက်ဘက်ကို ကမန်းကတမ်းဆုတ်ရင်း'ကိုယ'ကို 'တ'ကာအော်ဟစ်မိ၏။

"အား...အ‌မယ်လေး...ကိုယရေ....လာပါအုံး ဘာကြီးလဲမသိဘူး"

"အာ.... သေပြီ..ကိုကိုရာ"

ကိုကို့မှာ သူ့ကို'တ'ရင်းအော်ဟစ်လိုက်သော်လည်း ရေချိုးခန်းထဲကနေ သူ့နာကျင့်‌နေသည့်အသံကြီးကြောင့် ပိတ်ထားသည့်မျက်လုံးနှစ်ဖက်ကာ ပြူးကျယ်သွားကာအိပ်ချင်စိတ်တို့ပါ ကြက်ပျောက်ငှက်ပျောက်ပျောက်ဖြစ်သွားရသည်။

"အမ်..."

"ကိုယ ရေချိုခန်းထဲမှာရှိ‌နေတာလား...တံခါးလဲမပိတ်ထားတော့ ဘယ်သူမှမရှိဘူးအမှတ်နဲ့ မသိဘဲဝင်လာတာ အဲဒါဘာကြီးလဲမသိဘူး ကြည့်ပေးပါအုံး ကိုကိုတတ်နင်းမိသွားလို့....

ကိုယတွေ့လိုက်သေးလား ဘာကောင်ကြီးလဲဟင်... ဖမ်းမိလိုက်သေးလား ရေဘဝဲကြီးလားမသိဘူး"

"ဘာရေဘဝဲလဲ ပင်လယ်ထဲရောက်နေတာမှတ်နေလား။ မင်းနင်းချလိုက်တာ ကို့လက် ကို့လက် မင်း ယောက်ျားရဲ့လက်"

"ဟမ်....ကိုယ အာ့ကြမ်းပေါ်မှာ ဘာလုပ်နေလို့ ကိုကိုက တတ်နင်းမိသွားရတာလဲ"

ကြည့်စမ်း....သူမ သူ့လက်ကိုနင်းမိသွားတာက သူ့မဟာ အမှားပေါ့လေ...

"ကို ဒီမှာ လေ့ကျင့်ခန်း‌လုပ်နေတာလေ မင်းသာ မျက်လုံးမဖွင့်ဘဲဒီအတိုင်းအတင်းဝင်ချလာတာ၊ ကဲ့ပြော မျက်နှာသစ်မယ်မလား ဝင်လာခဲ့ "

စကားကို ရေပတ်မဝင်အောင်လှိမ့်ပြော ၊ရေချိုးခန်းကိုများ သူမမို့ ပင်လယ်များမှတ်နေလားမသိဘူး ၊၊

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now