🐉Part21🐉

5.6K 125 15
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉"‌

🐉Part21🐉

🌧️ 🌧️ 🌧️

"ဝေါ်...."

" ဝေါ်...."

ခါတိုင်း ကျောင်းပြန်ချိန် ဒီလို မိုးအကြီးကြီးရွာချလျှင်ကိုကိုတစ်ယောက်စိတ်ညစ်ရမြဲ။ အခုတော့ ထိုသို့မဟုတ်တော့...

ကျောင်းနှင့်အနီးဆုံးကားမှတ်တိုင်အမိုးခုံးအောက်မှ ကိုကို့မျက်နှာတို့ကိုမိုးစက်တို့ကလာစင်ပြီး မိုးရေတို့ကိုမော့ကြည့်ရင်း လက်နှင့်မြူးမြူးကြွကြွပင် တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေကာ ဆော့ကစားနေမိသည်။

သူလာကြိုမယ်တဲ့...

ထိုဖုန်းကောလေးတစ်ခုနဲ့တင် ကိုကို့ကမ္ဘာကြီးဟာ ဘာ‌သစ်ပင်ပန်းမန်တို့မှမပါဘဲနဲ့ စိမ်းလန်းစိုပြေနေ၏။

ရန်တစ်ခါဖြစ်တိုင်းဖြစ်တိုင်းနောက်ပိုင်းမှာဆိုလျှင် သူနဲ့ကိုကိုသည် ပို၍ရင်းနှီးလာသည့် ဆက်ဆံရေးတစ်ခုဖြစ်ထွန်းတတ်လာ၏။ ကြည့်ရတာ သူနဲ့ပိုရင်းနှီးချင်ရင် ရန်ဖြစ်ပေးရမဲ့ပုံ ပေါက်နေပြီဟု ပေါက်ပေါက်ရှာရှာ တွေးမိကာတစ်ယောက်ထဲပြုံးနေမိ၏။

ကျွီ...

ကားမှတ်တိုင်အကျော်တွင် သူမမှတ်မိနေသည့်အနက်ရောင်ကားလေးမှ ထီးတစ်လက်နှင့်လူတစ်ယောက်သည် ကားမှတ်တိုင်ဘက်ကို လျှောက်လာသည်။

သူ့ကုမ္မဏီကိုသွားနေကြစတိုင်ဖြစ်သည့် အဖြူရောင်ရှပ်လက်ရှည်ကို နပ်တိုင်တပ်ထားပြီး နက်ပြာရောင်စတိုင်ပန်ကို အဖြူရောင် sneakerနှင့်ကဘယ်လိုလုပ်တွဲပြီးဝတ်တတ်လဲမသိပေမယ့် အတော်လေးတော့ သူ့အတွက်က ကြည့်ကောင်းနေ၏။

မိုးနှင့်အတူခပ်ပြင်းပြင်းလေတိုက်တိုင်းတွင် သူ့သပ်ရပ်စွာဖီးတင်ထားသည့် ဆံပင်တို့က အရှေ့ကိုပြိုလဲကျဆင်းလာလျှင် သူကပြန်တပ်တင်လိုက်သည့်ပုံတို့ကအစ မိုးရေနဲ့အတူ ပန်းချီကားတစ်လိပ်ကို ရပ်ကြည့်နေသလိုပင် ခံစားမိသည်။

"စိုကုန်ပြီ"

ခပ်ငေးငေးလေးရပ်နေပြီး တစ်ခုခုကိုတွေးနေပုံရသည့်သူမအရှေ့သို့ ရောက်ချလာကာ ထီးလေးနှင့်မိုးပေးလိုက်ပြီး အသံလေးတိုးလျစွာဆိုလေလျှင် သူမက သူ့ကိုပြန်ပြုံးပြလေ၏။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now