"စိတ်ငြိမ်ဆေးရော အိပ်ဆေးနည်းနည်းထည့်ထိုးပေးလိုက်ပါတယ် ဥက္ကဌ ၊ ဒီညတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါလိမ့်မယ်"

"အင်း"

"အရင်က စိတ်နဲ့ဆိုင်တဲ့ ဝေဒနာတွေခံစားရဖူးလား"

"အင်း အရမ်းဆိုးဆိုးဝါးဝါး စိတ်ကျရောဂါဖြစ်ခဲ့ဖူးတယ် "

"ဟုတ်ကဲ့ လူနာက စိတ်ကစဥ့်ကလျားဘက်ကိုရောက်တော့မတတ်ဖြစ်နေပါတယ် နှလုံးခုန်နှုန်းကလည်းအခုန်မြန်နေပါတယ် ဥက္ကဋ္ဌ အသက်က 35 ကျော် 36 ထဲဝင်နေပြီ လူကြီးပိုင်းထဲရောက်တော့မှာဆိုတော့ ကျန်းမာရေးပိုင်းအတော်လေးဂရုစိုက်ပါ စိတ်ပိုင်းဆိုင်ရာပြသနာတွေကို တတ်နိုင်သလောက်ရှောင်ပါ မဟုတ်ရင် လူကို ရောဂါက နိုင်သွားပါလိမ့်မယ် "

"အခု...အခုရော"

"အခုက စိုးရိမ်စရာမရှိပါဘူး ဖြစ်တတ်တာလေးတွေပြောပြပေးတာပါ ဥက္ကဌရဲ့အမျိုးသားကို တော်တော်လေးဂရုစိုက်ပေးနိုင်မှ ရပါမယ် "

"အင်း"

ကောင်းကင် စိမ့်ငယ်ကို ကြည့်ပြီးမှိုင်နေ
လျှက်။ ဝမ်းလည်းနည်းသည် ဘာမှမစဥ်းနိုင်အောင် စိမ့်ကိုပဲစိတ်ပူလောကြီးနေမိသည်။စိမ့်ငယ် ကို ဒီလိုမျိုးထပ်မြင်ရရင် သူပါရူးတော့မှာ။ သူ့အမှား ဒီနေ့ အလုပ်သွားမိတာကို မှားတာ သူကိုကမှားတာ

"ဖေချော....ဖေချောဘာဖြစ်လို့လဲ daddy"

"မင်းထွက်သွားစမ်း နေရောင်သွေးသစ်"

"Daddy..... ဖေ ဘာဖြစ်တာလဲ သားကိုမနှင်ထုတ်ပါနဲ့ daddy ရယ်"

ရောင်လေး elevator ထဲ၌ ဒေါက်တာကိုတွေ့လိုက်ရတော့ ဘယ်သူဘာဖြစ်တာလဲမေးမိသည်။ဒေါက်တာက ဖေဖေဖြစ်ကြောင်း အခုသက်သာနေပြီဖြစ်ကြောင်းပြောပေမဲ့လည်းရောင်လေးရဲ့စိုးရိမ်ရေအမှတ်ဟာ အတော်လေးမြင့်တတ်လျှက်။ သူ အပေါ်ထပ်ကိုရောက်တော့ အခန်းထဲအပြေးအလွှားပင်။

အိပ်ယာပေါ်လှဲနေသည့် ဖေက အတော်လေးငိုထားပုံရသလို သတိလစ်မေ့မျောနေသယောင်  daddy ကပါ သူ့ကိုနှင်ထုတ်တဲ့အခါ သူအတော်လေးဝမ်းနည်းနေ၏။ daddy ခြေထောက်နားဒူးထောက်ကာကို ငိုနေမိတာ

I am not girl(Complete)Kde žijí příběhy. Začni objevovat