Chapter 41

6.7K 360 6
                                    

"Hello ဖွားဖွား သားစိမ့်ဘုန်းမြတ်ပါ"

"...."

"Hello ဖွားဖွား "

"Boss hello.....hello boss ခိုင်းတဲ့အတိုင်း လုပ်ပြီးသွားပါပြီအခုရင်တိုက်မှုဖြစ်တဲ့ နေရာကိုရောက်နေတာပါ စိမ့်ဝတီရဲ့ မိဘရော သူ့အဖွား ဒေါ်အေးနွယ်နီပါ ပွဲချင်းပြီးဆုံးသွားပါပြီ ကျန်တဲ့အချက်အလက်တွေခဏနေရင်ပို့လိုက်ပါ့မယ်"

စိမ့်ဘာမှတောင်မပြောနိုင်ခဲ့။လက်ထဲကဖုန်းကိုကျစ်နေအောင်ကိုင်ပြီး သတိလက်လွတ်ထိုင်နေမိသေးသည်။တအဲ့အဲ့ ငိုနေတဲ့ကလေးဆီကိုကြည့်မိတော့ လက်ထဲက ဖုန်းရဲ့ ဖုန်းကောလ်ကို ဖျက်ပြီး နေရာတကျထားကာ သားအားတစ်ခဏ နို့တိုက်ကျွေးလျှက်

"ဖေဖေတောင်းပန်ပါတယ် သားလေး ဘယ်တော့မှထပ်မတွေ့ဘဲနေကြရအောင်"

သားနဖူးလေးခပ်ဖွဖွနမ်းရင်း ချော့သိပ်လျှက် ။ထို့နောက် ဆေးရုံအဝတ်အစားတွေချွတ်ကာ အပြင်ဝတ် ဝတ်ပြီး ဆေးရုံအနောက်ပေါက်ကပြေးထွက်လာခဲ့သည်။သူဝမ်းဗိုက်က မကျက်သေးတဲ့ ခွဲဒဏ်ရာဟာ  သေမလောက်နာကျင်နေတာတောင် သူပြေးနေခြင်းအမှုကိုမရပ်မိ။

ကောင်းကင်ရဲ့ "မင်းထွက်သွားရင် မင်းမိဘတွေရဲ့ အသက်ကိုအာမ မခံပေးနိုင်ဘူး" ဆိုတဲ့ စကားသံရော ပွဲချင်းပြီးဆုံးသွားပါပြီဆိုတဲ့စကားသံတွေက နားထဲအူထွက်သည်အထိပြန်ကြားယောင်နေရသည်။စိမ့်အရူးတစ်ပိုင်းပြေးလွှားနေရင်းလဲလာသည့် အင်္ကျီအဖြူတီရှုပ်သည် သွေးတွေစွန်းထင်းနေလျှက်

"ပွမ်......"

သူလဲကျသွားတဲ့အခါ အနောက်က ကားဟွန်းသံကိုကြားလိုက်ရ၏။

"သခင်လေး ..... ဘာဖြစ်လာတာလဲ"

"မမမြတ်နိုး ခေါ်သွားပေးပါ ဒီနေရာနဲ့ ဝေးရာကိုခေါ်သွားပေးပါ"

......

ဒီလိုနဲ့မမမြတ်နိုးကသူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။သူမရဲ့ မွေးရပ်ဖြစ်သော ငွေဆောင်မှာ အခြေချပြီး လုပ်ငန်းအသေးစားလေးအစတည်လို့ လေးနှစ်လောက်အကြာ မမမြတ်နိုးက မြေကွက်ငှားကာ နှစ်ဝက်လောက်မှာ တည်းခိုခန်းဆောင်လေးတွေဆောက်ရင်း အစပြုသည်။ မမ မြတ်နိုးက တည်းခိုခန်းမှာကြီးကြပ်ပေးပြီး စိမ့်ကတော့ ဧည့်ကြိုတစ်ဖြစ် ကောင်တာလည်းထိုင်သည်။အခန်းတွေလိုက်စစ်ဆေးပြီးဘောက်စေ့အောင်လုပ်သည်။ မမမြတ်နိုးက မိသားစုလိုတရင်းတနှီးသူ့အားကူညီပြုပေးသလို ကောင်းကင်ရဲ့လက်ထဲကနေလွတ်အောင်ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

I am not girl(Complete)Where stories live. Discover now