Chapter 35

6.5K 384 16
                                    

January 5,2022

"ယောက်ျားလေးတဲ့ အစ်ကိုရေ သားဦးလေးဗျ"

"မင်း daddy ကိုရောဖုန်းဆက်ပြောလိုက်အုံးလေ သူလည်းဝမ်းသာနေမှာ"

"ဟုတ်တယ် ဒါဆို daddy ကို ကျွန်တော်ဖုန်းဆက်လိုက်အုံးမယ် အစ်ကို"

ကောင်းကင် အကိုနဲ့ ဖုန်းပြောပြီးပြီး Laptop ကိုဖွင့်ကာ Daddy ဆီ video call လှမ်းခေါ်လိုက်သည်။ Daddy ခဏအတွင်း ခေါ်ဆိုမှုကိုလက်ခံတော့ သူ camera ရှေ့မှာ အာထရာဆောင်းကရရှိလာတဲ့ ဖလင်ပြားလေးရှေ့ထိုးပြမိသည်။ဖေဖေက အနားတိုးကြည့်သယောင်နဲ့ ခဏနေတော့ ပြုံးပျော်လာလေသည်။

"ငါ့မြေးလေးပေါ့ ဟုတ်လား"

"ဟုတ်တာပေါ့ daddy ရဲ့ သားဦးလေးဗျ"

"သားဦးလေးဆိုတော့ နာမည်ပေးဖို့ daddy မောင်ကောင်းဆီဖုန်းဆက်ရမယ် ဟေ့"

"ဟား...ဟား...ကျွန်တော်စဥ်းစားပြီးနေပြီ daddy မလိုပါဘူး "

"ဘာနေ့သားဖြစ်မယ်မှန်းမင်းကြိုသိလို့လားကွ နေပါအုံး ငါတွက်ချက်ပြီး မှဲ့မယ် မွေး date ကဘယ်နေ့လဲ ငါ့သား"

"April 8 ရက်နေ့လို့တော့ပေးထားတယ် daddy စောစောမွေးမလား နည်းနည်းနောက်ကျမလားမသိဘူး"

"ကိုယ်ဝန်လရင့်နေပြီ အရင်ကထက်ပိုပြီးဂရုစိုက်နော်"

"ဟုတ်ကဲ့ပါဗျာ Daddy လည်းကျန်းမာရေးဂရုစိုက်အုံး"

"သားဦးလေးမွေးတော့မယ်ဆိုတော့ daddy ကလက်ဆောင်လှမ်းပို့လိုက်မယ် "

"ဟုတ်ပြီဗျာ ဟား...ဟား..."

ကောင်းကင် daddy နဲ့စကားပြောပြီးတော့ Laptop ကိုပိတ်လိုက်သည်။ အတွေးထဲဝင်လာတာက စိမ့်ငယ်လည်း အန်ကယ်တို့နဲ့စကားပြောချင်မလားဆိုတဲ့အတွေးပင်ဖြစ်သည်။

"စိမ့်ငယ် အန်ကယ်ဦးဘုန်း တို့ကိုဖုန်းခေါ်ပေးရမလား"

"ဘာကိစ္စလဲ"

"ကိုယ်တို့ ကလေးလေးအကြောင်းပြောဖို့လေ သူတို့လည်းသိချင်..."

"ဒီကလေးကသူတို့နဲ့မှ မဆိုင်တာ..."

"မဟုတ်ဘူးလေ စိမ့်ငယ် သူတို့ကစိမ့်ငယ်ရဲ့မိဘတွေလေ အဲ့တာကြောင့်..."

I am not girl(Complete)Where stories live. Discover now