"စိမ့်ငယ် စိတ်ကိုလျော့အုံး ကိုယ်တို့သားကိုသွားမေးကြမယ် စိမ့်ငယ်ဘာလို့ တစ်ယောက်တည်းနာကျင်နေရတာလဲ ကိုယ်တို့ သားက ကိုယ့်အသည်းကိုသိပ်ချစ်တာလေ စိမ့်ငယ် နားလည်မှုလွဲတာလည်းဖြစ်နိုင်တယ် "

"အင့်...မဟုတ်ဘူး ... သားက အမေလိုချင်တယ်ဆိုရင်ရော ငါ့ကိုမုန်းသွားရင်ရော မင်းရော ငါ့ကိုမုန်းလား ဟင် ငါ့မှာ မင်းတို့ပဲရှိတော့တာ မင်းတို့က ငါ့ရဲ့ဘဝလေ ငါမင်းတို့ဆုံးရှုံးရရင်.."

"မဟုတ်ဘူး မဟုတ်ဘူး ကိုယ်တို့တွေကမင်းကိုချစ်တယ် မင်းထင်ထားထက် တွေးထားထက် ပိုချစ်ကြတယ် မင်အထင်မှားတာပါ ကိုယ့်အသည်းမငိုနဲ့တော့ ကိုယ်ရင်တွေနာလို့ပါ ကိုယ့်အသည်းရယ်"

သတိလက်လွတ်ဖြစ်နေသည့်စိမ့်ငယ်အား တင်းကြပ်စွာဖက်ထားမိပြန်၏။သူအလုပ်ကြောင့် stress ပိရင်ဖျားတယ်ဆိုပြီးစိတ်ပူတတ်တဲ့ အသည်းဟာ သူ့ရောဂါသူမေ့နေပြန်ပြီထင်ပါရဲ့။စိမ့်ငယ်ဟာ စိတ်ကျရောဂါ ဖြစ်ဖူးတဲ့သူဖြစ်သလို ဒီလိုရောဂါတွေဟာအရှင်းပျောက်သွားတယ်လို့မရှိ ။ စိမ့်ငယ်က အရမ်းငိုရှိုက်လာပြီ မွန်းကြပ်လာပြီဆိုရင် သူ့ရဲ့အတွေးတွေ ကအဆုံးအစွန်ထိရောက်ကာ ထပ်တလဲလဲ ဝမ်းနည်းကြေကွဲစွာ ငိုယိုတတ်၏။ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်အောင်ပေါ့

ကောင်းကင် ဆရာဝန်ဆီ တစ်ဖက်ကဖုန်း‌ေခါ်ကာ စိမ့်ငယ်ကို တင်းကြပ်စွာပွေ့ဖက်ပေးထားဆဲဖြစ်၏။

" ငါ့ကိုချစ်သလား"

"ကိုယ်ချစ်တာပေါ့ ကိုယ့်အသည်းရယ် အများကြီးချစ်တာ"

"မဟုတ်ဘူး မင်းငါ့ကိုမချစ်ဘူး"

"ကိုယ့်အသည်းကကွာ....ကျေးဇူးပြုပြီး စိတ်လျော့ပါအုံး"

ကောင်းကင် မခံစားနိုင်လွန်းတော့တာမို့ဘအော်ဟစ်ကာငိုမိ၏။ဘယ်လိုလုပ်ရမလဲ စိမ့်စိတ်မလွတ်သွားခင် ဒီကကောင်ကရူးတော့မယ် ဒီကကောင်ရူးတော့မယ် ကိုယ့်အသည်းရယ်

ဒေါက်တာရောက်လာတော့ ထိုအခန်းထဲကထွက်ကာ သူတို့အခန်းထဲလာခဲ့၍ စိမ့်ငယ်အားခုတင်ပေါ်တင်ပေးလိုက်၏။လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်ကြောင့် ကောင်းကင်လည်းလွှတ်ပေးလိုက်ဖို့ဆန္ဒမရှိ

I am not girl(Complete)Where stories live. Discover now