အပေါ်ထပ်ပြန်ရောက်တော့ တစ်ပါတည်းဆောင်လာသည့် သော့နှင့် အခန်းတံခါးအားတွန်းတိုက်ဖွင့်မိသည်။သားငယ်ငယ်က ပုခတ်သေးသေးလေးဘေး ကျုံ့ကျုံ့လေးထိုင်နေတာတွေ့တော့ ရင်ထဲက အပူက နှသားကို လောင်မြိုက်နေပြီဖြစ်၏။

အနားတိုးကပ်သွားလေလေ သိမ့်ငယ်၏ ဝတ်စုံသည် အမျိုးသမီးဝတ်စုံဖြစ်သလို ရင်ဖုံးနှင့်ထဘီဆိုတာ အသေအချာပင်။ စိမ့်ငယ်အမုန်းဆုံးက ဒီအဝတ်အစားတွေမဟုတ်လား ဒါဆိုဘာကြောင့်

"စိမ့်ငယ်..."

"ဟင် ကောင်း...ကောင်းကင် ငါလှလားဟင် ငါ....ငါ မိန်းမနဲ့တူသွားပြီလား ဟင်..."

ကောင်းကင် ခေါင်းခါမိသည်။ဘာလို့ဒီလိုမေးနေမှန်းသူစဥ်းစားမရနိုင် မျက်ရည်တွေကိုသုတ်ပေးပေမဲ့ ထပ်မံစီးကျနေဆဲဖြစ်၏။

"ဘာလို့လဲ ကိုယ့်အသည်းရယ်"

"မတူသေးဘူးလား ငါမိန်းမနဲ့ မတူသေးဘူးလားဟင် "

"စိမ့်ငယ်စိတ်ထိန်းပါအုံး ဘာလို့ဒီလိုတွေလုပ်နေရတာလဲ"

ခေါင်းခါ၏။ရင်ခွင်ထဲတိုးဝင်းကာ တုန်ယင်စွာ ငိုကြွေးပြန်သည်။ရှိုက်တတ်နေတဲ့အစက်ရှူသံပြင်းပြင်းကြောင့် ကောင်းကင်ရင်ထဲတစ်ဆစ်ဆစ် နှင့်

"ဘာလို့လဲ ကိုယ်ဘာလုပ်ပေးရမလဲ စိမ့်ငယ်ရယ် မငိုပါနဲ့ကွာ မငိုပါနဲ့"

"ဟင့်အင်း ငါ့ကိုဖက်ထားပါ"

"ကိုယ့်ကိုမှမပြောရင် ဘယ်သူ့ကိုပြောမှာလဲ ကိုယ်မင်းအနားမှာရှိနေတယ်လေ "

"ကောင်းကင်..."

"ကိုယ့်အသည်း  ကိုယ်နားထောင်နေတယ်နော်"

"ငါသားဖို့ ကွတ်ကီးတွေသွားပို့ခဲ့တယ် သားကရေချိုးနေတာမို့ ခဏလေးထိုင်စောင့်နေတာ အဲ့မှာ ဖုန်း....ဖုန်းတစ်ခုဝင်လာတယ် ငါလည်းအရေးတကြီး ဖုန်ထင်လိုက်တယ် ကောင်းကင် သားဖုန်းကို ကိုင်ပြီး သားရေချိုးနေလို့ခဏစောင့်ပေးဖို့ ပြောမလိုဘဲ ဒါပေမဲ့ ဟိုဘက်....ဟိုဘက်ကလေ ကောင်းကင် အင့်.....ဟိုဘက်....အင့်...ဟင့်....ဟင့်....ကောင်းကင်..."

"ကိုယ်ရှိတယ် ကိုယ်မင်းအနားမှာရှိတယ်လေ.."

"အင့်....သားတဲ့ သားကိုသူက သားလို့ခေါ်တယ် ကောင်းကင် ပြီးတော့လေ သူ့ကိုယ်သူ mommy တဲ့ ငါဖုန်းမှားနေတယ်ထင်လိုက်လိ့ ဖုန်းနံပါတ်ကို ကြည့်တဲ့အချိန်သားက သူ့ကို...သူ့ကို Mommy လို့မှတ်ထားတယ် ....ငါသိတ် သားင့ါကို မလိုချင်ဘူး ငါကသူ့ကိုအရှက်ရစေတာ....ငါက...ငါက... ဟင့်...အင့်...အစ်....ကောင်းကင် ငါမကောင်းတာ ငါမကောင်းတာပါ"

I am not girl(Complete)Where stories live. Discover now