✨သူသိပါစေ💖အပိုင်း(၁၅)

258 13 0
                                    

"ကျွတ်!"
မိုးမြင့်မောင်တစ်ယောက် ညက အလွန်အကျွံသောက်ထားမှု ကြောင့် မနက်နိုးလာတော့ မူးနောက်နောက်ဖြစ်နေသောကြောင့် နားထင်အား နှိပ်ကာ ညည်းမိ၏

"ဟင်"
အခုမှဘေးက အိပ်ပျော်နေသော မိန်းကလေး ကိုသတိထားမိသွားကာ
ညကအဖြစ်အပျက်များးမှာ တစ်စစီပေါ်လာ၏
ကလေးမ ဘယ်လောက်တောင်ငိုထားလဲမသိ အိပ်နေရင်းပင်ရှိုက်နေလေရဲ့
"ဟာ ငါဘာတွေလုပ်လိုက်မိတာလဲ
ငါ..ငါဘာလို့"

"ဖေ ဖေကြီး"
ထိုအချိန် အခန်းဝမှ ခေါ်လာသော သမီးလေးအသံကိုကြားသောကြောင့်ကြည့်လိုက်တော့ မိမိအား မျက်လုံးဝိုင်းကာကြည့်နေသောသမီး

သမီးအရှေ့မှာ အခုလို ပုံစံမျိုးကို မြင်တွေ့စေသောကြောင့် ရှက် မိပါသည်

သူသတိကပ်လိုက်ချိန်မှာတော့ သမီးလေးက ငိုကာထွက်ပြေးသွားပီ

"သမီး ခနလေး "
သူလည်း အဝတ်တွေမြန်မြန်ဝတ်ကာ သမီးနောက်ပြေးလိုက်ပေမယ့် မမီတော့ အခုတော့သူဟိုကလေးမနဲ့အရင်ရှင်းရအုံးမှာမလို့ ပြန်လှည့်လာလိုက်၏

ရွှန်းလဲ့နိုးနေတာကြာပါပီ ဒါပေမယ့် ရှက်စိတ်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် သူဌေးနိုးလာသောကြောင့် သူမ အိပ်ချင်ယောင်ဆောင်နေလိုက်၏
အခုကို သူမအဖြစ်ကို ဖြူဖြူလည်းမြင်သွားပီ သူမဘာလုပ်ရမလဲ
သူဌေးက ဖြူဖြူနောက်လိုက်သွားသော အခါမှသာ အဝတ်တွေဝတ်ကာ
ထွက်လာခဲ့စဉ် အပေါက်‌မှာတွေ့လိုက်သော သူဌေး

"ဟင် သူ. သူဌေး "
"သူဌေးက ဖြူဖြူနောက် လိုက်သွားတာမဟုတ်ဘူးလား ငါဘာလုပ်ရမလဲ
ထွက်ပြေးရမလား *
"ကိုယ်တို့စကားပြောရအောင်"
"ဟင့်အင့် ရွှန်းလဲ့ သူ သူဌေးနဲ့ပြောစရာ မရှိဘူး ရွှန်း ရွှန်းလဲ့ကို ခွင့်ပြုပါအုံး" ဟုပြောကာ ရွှန်းလဲ့ အမြန်ထွက်လာခဲ့၏။။      ဒါပေမယ် ရွှန်းလဲ့မထွက်သွားမီ လက်ကောက်ဝတ်ကိုဖမ်းဆွဲထားသော သူဌေးကြောင့် ရပ်တန့်သွားရ၏
"မင်းအခုလို့ ရှောင်ပြေးလို့ မရဘူးရွှန်းလဲ့!"
"ရွှန်းလဲ့ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး သူဌေး တကယ်ပါ ဟီး ရွှန်းလဲ့မသိလို့လာခဲ့တာပါ အင့် ရွှန်းလဲ့တောင်းပန်ပါတယ် ရွှန်းလဲ့ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး တောင်းပန်ပါတယ် အီးဟီး"
တကယ်တမ်း တောင်းပန်ရမယ့်သူက ကိုယ်ပါ ဒါပေမယ် ကလေးမက ကိုယ့်ရှေ့မှာ လက်အုပ်ချီလျှက် တောင်းပန်နေလေရဲ့

သူသိပါစေ💖Where stories live. Discover now