✨သူသိပါစေ💖အပိုင်း(၈)

238 9 0
                                    

"သား ဒီတစ်ခါကော သားပထမဘဲမလား "
"ဟုတ် မာမီ"
"မာမီသားလေးက တော်လိုက်တာ"
မာမီချီးကျူးတာကို သူပြုံးရုံမှတစ်ပါးမတတ်နိုင်ပါ
ဒါဟာလည်း သူကြိုးစားမှုကြောင့်မှ။ မဟုတ်တာ
အစက ဖြူလေး ပထမရရင် ဆုရတာနဲ့ ဖြူဖြူဆုကို ခွဲရတာ မနဲ

နောက်ပိုင်းဖြူဖြူလည်း  ဒါတွေ မခံနိုင်လို့သာ နောက်ဆုတ်နေရတာ သူသိပါတယ်
တစ်ခါတစ်လေ နိုင်းဝဏ နဲ့အတူတူပျော်နေတာ သူမကြိုက်ရင်လည်း တစ်ခုခု လုပ်တတ်သေးတာမလို့
ဖြူဖြူလည်း သူ့ကို ‌တွေ့ရင် ကြောက်နေတတ်သည်
"ဟူးးး"
"ဘာတွေသက်ပြင်းချနေတာလဲ သားရဲ့"
"ဘားမှ မဟုတ်ပါဘူး မာမီ "
"သား သွားနားတော့မယ်"
"အဟွန်း ဟုတ်ပါပီရှင့်"

"ကြည်ပြာ "
"ရှင် မမကြီး "
"သွား ဟိုကလေးမကို သွားခေါ်ခဲ့"
"ဖြူဖြူကိုလား"
"အေ မြန်မြန်သွားခေါ်ခဲ့'
"ဟုတ်"
ဖြူဖြူကို ဘာတွေခိုင်းအုံးမလဲမသိဘူး ကြည်ပြာ ဖြူဖြူလေးကို သနားလှ သည်  တစ်နေ့တစ်မျိုး မရိုးရအောင် အလုပ်တွေခိုင်းတယ် ကြားထဲ ကလေး စာကျက်နေရင်တောင် ဆူလိုက်သေးတယ်
"ဖြူဖြူရေ"
"ရှင်"
"လာ သွားမယ်"
"မမကြီးခေါ်ခိုင်းပြန်ပီလား'
"ဟုတ်တယ် မမီ "
"မေကြီး သမီးလိုက်သွားအုံးမယ်"
"အေအေ"
မီ သမီးလေးကို မလွှတ်ချင်လဲ လွှတ်ရအုံးမည်။ မဟုတ်ရင် သမီးလေး ဒီထက် ပိုနာကျင်အောင် လုပ်အုံးမည်
ဒီကနေ မြန်မြန်ထွက်သွားမှ ဖြစ်မယ်

@@@@@@@@@@@@@
"အန်တီ ဖြူဖြူ ရောက်ပီ"
"လာခဲ့ဒီကို"
"ဟုတ်"
"ခနက ဘာလုပ်နေတာလဲ"
"ဟို ဖြူဖြူ"
"မင်းကိုငါ ဘာလုပ်နေတာလဲမေးတာ!!
တဟိုဟို လုပ်ခိုင်နေတာမဟုတ်ဘူး"
"အင့်"
"ပြော'
"ဖြူဖြူ မေကြီးကို လုပ်ကူနေတာ"
"သေချာလား'
"ဟုတ် ဖြူ ..ဖြူ..စာမကျက်ပါဘူး တစ် တစ်ကယ်ပါ"
"တော်ပီ တော်ပီ သွား သားအခန်းနဲ့ ငါ့အခန်းက လျှော်စရာတွေ သွားသိမ်းခဲ့"
"ဟုတ်"
ဖြူဖြူ မျက်ရည်မကျအောင် မနည်းထိန်းထားရသည်
ဒေါက် ဒေါက်
"ဘယ်သူလဲ"
"ဖြူဖြူ ပါ"
"ဝင်ခဲ့"
သူ့အမိန့်ရတာနဲ့ ရတာနဲ့ ခေါင်းငုံ့ကာ အခန်းထဲ ဝင်လာသော‌ ဖြူဖြူ
မာမီ ခိုင်း၍အခန်းထဲလာတိုင်းသူ့ကို့တစ်ချက်ကလေးတောင် မကြည့်
ထျုအခါတိုင်း သူပြန်မြင်ယောင်လာသော နိုင်းဝဏ နဲ့ ပြုံးပျော်ရွှင်နေသော ပုံရိပ်တွေ
"တောက်စ်!!? ဒုန်း ခလွမ်း:::"
"အင့်"
ဖြူဖြူ ကြောက်တယ် ဖြူဖြူ လာတိုင်း တစ်ခုမဟုတ်တစ်ခု ဒေါသထွက်ပီး ပစ်စည်းတွေရိုက်ခွဲတယ်
မကြာခင် အန်တီရောက်လာတော့မယ်ဆိုတာ ဖြူဖြူသိတယ်

သူသိပါစေ💖Onde histórias criam vida. Descubra agora