✨သူသိပါစေ💖 အပိုင်း(၄)

260 10 0
                                    

"သားရေ ပီးပီလား"
"ပီးပီဒယ်ဒီ"
"ပီးရင်သွားရအောင်လေ။
ဖြူလေးကောမလာသေးဘူးလား"
"သားမသိဘူးဒယ်ဒီ"
အခုဆိုရင် စိုင်းသက်ထွန်းဝေတို့ ကျောင်းဖွင့်တဲ့ပထမဆုံးရက် ဖြစ်သည်။
သားလေးမာမီပြန်လာပီးမကြာမီပင် သားဟာဖြူလေးကို သူစိမ်းဆန်ဆန်လာတာကို သူသတိထားမိသည်။
"သားသွားခေါ်လိုက်လေ"
"သား.."
"အကို သွားမယ်လေ"
"ခနလေးရတနာ ဖြူလေးမလာသေးလို့"
"အို အကိုကလည္း ဘာလို့အတူတူ သွားမှာလဲ သူတို့ဘာသာ သွားပါစေလေ "
"မဟုတ်ဘူးလေ ရတနာရဲ့ အရင်ကလည်းအတူတူ သွားနေကြလေ"
"ဘာဘဲဖြစ်ဖြစ်အတူတူ မသွားချင်ပါဘူး။အကိုလည်းအဲ့လို လုပ်နေ ဟိုဟာက ရိုက်စားလုပ်သွားမယ် အခုခေတ်လူတွေက ယုံရတာမဟုတ်ဘူး"
"ရတနာ မင်းစကားကို ဘယ်လိုပြောနေတာလဲ"
"ရတနာက အမှန်ပြောနေတာ"
"မင်း "
"ဘဘကြီး"
ထိုအချိန်ရောက်လာသောဖြူလေး

"ဖြူလေးရောက်ပီလားသွားရအောင်"
"လာ သား မာမီတို့ သတ်သတ်သွားမယ်"
"ရတနာ မင်းဘယ်လိုဖြစ်နေတာလဲ"
အကို သူတို့နဲ့သွားမှာမလား သွားလေ ရတနာကတော့ မသွားနိုင်ဘူး
ရွံလို့"
နောက်ဆုံးရွံလို့ဆိုသော စကားကို မိုးမြင့်ဖြူအားကြည့်ပီးပြောလိုက်၏

ဖြူ့ကိုကြည့်ပီးပြောလာသော ကိုကိုအမေကို ဖြူကြောက်သည်
မိုးမြင့်မောင်မှာ ကြောက်လွန်း၍ မိမိအနောက်မှာ လာပုန်းနေသော သမီးလေးလက်ကိုကိုင်ကာ
"ဟို သူဌေး ကျွန်တော်နဲ့သမီးက ကားငှားသွားလိုက်ပါမယ် သူဌေးတို့ သွားနှင့်လိုက်ပါ"
"ရပါ့မလား"
"အို အကိုကလည်း သူတို့ကားငှားသွားမယ်ပြောနေတာကို  သွားမယ် သားနောက်ကျနေတော့မယ် အရေးမပါတာတွေကို"
"ဟင်းး အဲ့ဆို ကိုယ်အရင်သွားနှင့်မယ် ကုမ္ပဏီ မှာတွေ့မယ်"
"ဟုတ်ကဲ့"

"ဟင်းးး"
မိုးမြင့်မောင်လည်းထွက်သွားသောကားကို ကြည့်ပီးသက်ပြင်းချမိသည်။
"သမီးလာသွားရအောင်"
"ဟုတ်"

"ရောက်ပီလားအကို"
"အင်"
"သားသွားမယ်လာ မာမီ အထဲထိလိုက်ပို့ပေးမယ် "
"ဟုတ်"

"ရတနာ?"
မိမိနာမည် ခေါ်သံကြားသောကြောင့်ကြည့်လိုက်ရာ Wana groupမှ ဦးဝဏကျော်နှင့်သားအရွယ်ကောင်လေးတစ်ယောက်
"ကျော်ပါလား"
"ကြည့်နေတာ ရတနာနဲ့တူပါတယ်လို့
မတွေ့တာကြာလို့လားမသိဘူး ပိုလှလာတယ်"
"အဟင်း ကျော်ကလည်းမြောက်နေပြန်ပီ ဒါနဲ့ သူလေးက"
"ကိုယ့်သားလေ နိုင်းဝဏတဲ့"
"အော် ဒါက ရတနာ့သား စိုင်းသက်ထွန်းဝေ ဒါက ရတနာ့အမျိုးသား ကိုသက်နိုင်ဝေ တဲ့"
"ကိုသက်နိုင်ဝေ ကိုတော့သိပါတယ်နာမည်ကြီးကို အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့စီးပွားရေးသမားဘဲဗျား"
"မြှောက်နေပြန်ပါပီဗျာ"
"တကယ်ပါဗျာ ဟိုကလေးမလေးကောမပါဘူလား အရင်နှစ်ကျောင်းသက်တုန်းကတွေ့တဲ့ကလေးမလေ ဝဝတုတ်တုတ်လေးကကော ကိုသက်နိုင်ဝေးသမီလား သားကကလေးမလေးကိုအရမ်းခင်တွယ်နေတာ"
"မိုးပါဒယ်ဒီရ"
နိုင်းဝဏက မိုးမြင့်ဖြူနဲ့ခင်ကတည်းက မိုးလို့သာခေါ်ခဲ့သည်
"မဟုတ်ဘူး ဖြူဖြူ"
နိုင်းဝဏ၏ အပြောကို အလိုမကျစွာပြန်ဖြေလိုက်သော စိုင်းသက်ထွန်းဝေ
"သား။ အိမ်ကအခိုင်းအစေတစ်ယောက်ရဲ့ကလေးပါ အကိုက လူရိုးလူအေးလေ သူတို့ကိုသနားနေတာ ဟိုက အဲ့တာကိုအခွင့်အရေးယူပီးလုပ်စားနေတာ မသိဘူး"
"ရတနာ!"
""တကယ်လား"
"ဟုတ်ပါတယ်ဆ‌ို ကျော့်သားကိုလည်း ကပ်နေတာ သတိထား"
"ရတနာတော်တော့လို့ သွားခွင့်ပြုပါအုံးနော် ကိုဝဏကျော်"
"ဟုတ်ကဲ့"

သူသိပါစေ💖Where stories live. Discover now