✨သူသိပါစေ💖အပိုင်း(၁၂)

243 9 0
                                    

"ဟင် မေကြီး"
ဟုတ်ပါတယ် အုတ်ဂူဖြူဖြူပေါ်မှ အမည်နာမဟာ သူမမေကြီးနာမည်ပါ
"ဖေကြီးမဟုတ်ဘူးမို့လားဟင်
မဟုတ်မို့လား အီးဟီး မဟုတ်ဘူး မေကြီးက ဖြူဖြူ့ကိုထားခဒ့မှာမဟုတ်ဘူး အီးး"
"သမီး မငိုနဲ့တော့လေ သမီးက ငိုရင်
မေကြီးက ဘယ်စိတ်ကောင်းပါ့မလဲ
မေကြီးကို နှုတ်ဆက်လိုက်အုံးနော်"
သမီးအရှေ့မှာမလို့ သူငိုချင်စိတ်ကို မနည်းထိန်းထားရသည်....
"ဟုတ် ရျွှတ် မေကြီးသမီးဖြူဖြူပါ
ရွှတ် သမီးနေကောင်းနေပီနော် မေကြီးအေးအေးဆေးဆေးသွားပါနော်
သမီးကိုစိတ်မပူနဲ့နော် အခု‌ေမကြီးက ကောင်းကင်ပေါ်ကနေ သမီးကို ကြည့်နေတယ်မလားဟင်
သမီး မကြာမကြာ လာလည်မယ်နော်
သမီးမေကြီးကို ကန်တော့ခဲ့ပါတယ်"
ဖြူဖြူတို့လည်း မေကြီးအုတ်ဂူကို ကန်တော့ပီး ပြန်လာခဲ့ကြသည်...

___________________
"ဘာ!! မိုးမြင့်မဟာမောင် မင်းဘာပြောတာလဲ "
"သားပြောနေတာ အမှန်ဘဲမေမေ  သားကမိုးမြင့်မဟာနဲ့ဘားမှမဆိုင်တော့ဘူး
မေမေတို့ဘဲ အမွေဖြတ်ကြောင်း သတင်းစာထဲ ထည့်ခဲ့တာလေ
အခုလည်း သား နဲ့မီအရင်ကတည်းကတိုင်ပင်ပီးသား "

"မင့်မှာသမီး တစ်ယောက်လုံးရှိသေးတယ်ဆိုတာ မင်းသိသေးရဲ့လား"

"သားသိတယ် အဲ့ဒါကြောင့် သားအချိန်အနည်းငယ်လိုတယ် "'
"နင်တိတ်လိုက်တော့ နင်သွားချင်သပဆိုသွား ငါ့မြေးကိုတော့ မထည့်ပေးနိုင်ဘူး နင်ငါ့မြေးကို အဲ့ဒီအိမ်ပြန်ခေါ်သွားမယ်ဆိုရင် ငါ့အလောင်းဘဲမြင်ရမယ်"
"ကျစ်
ရတယ်မေမေ သားကို အချိန်တစ်နှစ်ဘဲပေး တစ်နှစ်ပီးရင် သမီးကို သားပြန်ခေါ်လာမယ်"

"ကောင်းပီလေ ငါ့မြေးကို အဲ့ဒီအိမ်မခေါ်သွားရင်ပီးတာဘဲ"
"သား သမီးကို သွားပြောလိုက်အုံးမယ်"

မိုးမြင့်မောင်လည်း ဖြူဖြူရှိရာ အပေါ်ထပ်ကို ထာခဲ့လိုက်သည်

ဒေါက် ဒေါက်
"သမီး ဖေကြီးပါ"
"ဟုတ်ကဲ့ဖေကြီး ဖြူဖြူတံခါးမပိတ်ထားဘူး"

"သမီး"
အရင်ကဖြူစင်ဝင်းမွတ်နေသော မျက်နှာလေးမှာ တစ်စိုးတစ်စ ကျန်ရစ်နေသော အမာရွတ်တွေနဲ့
အရင်က ဝဝ‌ေဖာင်း‌ေဖာင်းနဲ့ ဆေးရုံတတ်ရတဲ့ အတော်အတွင်း ပိန်ကျသွာသော သမီးလေ

သူသိပါစေ💖Where stories live. Discover now