Episode 2(Zawgyi)

Zacznij od początku
                                    

"အင်း"

သူမတို့၅​ယောက် ကန်တင်းတွင် ထမင်းစား​သောက်ကြပြီး​နောက် libraryသို့သွားစပ်စုလိုက်ကြ​​သေး၏။
ကန်တင်းနှင့် libraryမှာကပ်လျက်ဖြစ်၍ သူမတို့လမ်းသိပ်​လျှောက်စရာမလိုပါ။

သို့​သော် libraryမှာ ဇီဇဝါဆောင်အ​​​ပေါ်ဆုံးထပ်တွင်ဖြစ်၍ ​တော်​တော်​တော့
တက်ရသည်​။
ဖြိုးလည်း စာအုပ်စင်မှစာအုပ်၁အုပ်ကိုယူကာ ဖတ်ကြည့်​ရင်းအချိန်ဖြုန်း​နေလိုက်၏။

စာအုပ်တစ်ဝက်ကျိုးကာနီးတွင်သူမနာရီကိုကြည့်လိုက်​တော့ အချိန်က ၁၂နာရီ ၅၀။

သူမကမန်းကတန်း စာအုပ်ကိုပြန်ထားကာ လက်မှတ်ထိုး၍ ဇေရတုဆောင်သို့​ပြေး​တော့ ဟို၎​ယောက်ကပါ ဘုမသိဘမသိဖြင့်သူမ​နောက်အမြန်လိုက်ရ​​သေး၏။

၁နာရီထိုး​တော့ သူမတို့အခန်းထဲ သူမ​မျှော်​နေသည့်
နွယ်​ရောက်မလာဘဲ အခြားတီချယ်၁ဦး​ယောက်လာသည်။

"Good Afternoon everyone တီချယ်က​​တော့ technology ဌာနရဲ့လက်​ထောက်တီချယ်ဒေါ်လင်းလဲ့သူပါ
မ​နေ့က တစ်ချို့က​လေး​တွေက​တော့ တီချယ့်ကို​တွေ့ပြီးကြပြီ​နော် အမက ဒီ​နေ့အစည်းအ​ဝေးနေလို့ တီချယ်ဝင်​ပေးတာ"

တီချယ်​ပြောသည့် အမ ဆိုသည်မှာ နွယ့် ကိုရည်ညွှန်းမှန်းဖြိုးတို့သ​ဘော​ပေါက်ပါသည်။
သို့​သော် တီချယ်ဖြူ့ပုံစံမှာအသက်၄၀​ဝန်းကျင်တော့ရှိ​နေပြီဖြစ်သဖြင့် အသက်၃၀​​ကျော်​လောက်သာရှိဦးမည့်နွယ့်ကိုတီချယ်ဘာ​ကြောင့် အမလို့​ခေါ်တာလဲဖြိုးစဉ်းစားမရ၍

"ဟဲ့ မိုးကဗျာ တီချယ်တို့က​လေ ဌာနမှူးဆိုရင်ကိုယ့်ထက်ငယ်လည်း အစ်မလို့​ခေါ်ရတာလား"

"ဟုတ်မှာ​ပေါ့ဟဲ့ မသိဘူး​လေ"

ဖြိုးတို့ တိုးတိုး​ပြော​နေကြတုန်း တီချယ်ဖြူက

"တီချယ့်နှုန်းကအမ​လောက်​​တော့မြန်မယ်မထင်ဘူး အစ်မက အရွယ်နဲ့မလိုက်​အောင်အရမ်းသွက်တာ"

တီချယ့်အ​ပြော​ကြောင့် အူ​ကြောင်​ကြောင်ဖြစ်​နေ
သည့် ​ကျောင်းသားများကိုကြည့်တာ တီချယ်ကသ​ဘော​ပေါက်သ​ယောင်ရယ်ပြီး

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Opowieści tętniące życiem. Odkryj je teraz