ကျီပါးရဲ့ ရွှေလက်ချောင်းကြောင့် သူတို့စိတ်ထိခိုက်ရတဲ့အတွက် ကျိုးကျားယွီ အပြစ်ရှိသလိုနောင်တရမိတယ် ။ ဒါကြောင့် ဒီနေ့ သူတို့ကိုစားသောက်ပွဲ လုပ်ပေးလိုက်တယ်။

ရှန်ရိချောင်က မွှေးကြိုင်နေတဲ့ သိုးသားတုံးကြော်တွေကို စိတ်မသက်မသာနဲ့စားပြီး ချီးကျူးတယ် ။

" သိုးသား အသားများများ ထည့်ဖို့သူတို့ကိုမေးတာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ။ မင်းကောင်းကောင်းချက်နိုင်မယ်ဆိုတာ ငါသိသားပဲ ။ "

သိုးသားရဲ့အပြင်ပိုင်းက ကျက်ပြီး အတွင်းထဲမှာ နူးညံ့နေတယ်။ အပူပေးထားပုံက မှန်ကန်တယ် ။ ကိုက်လိုက်တဲ့အချိန်မှာအသားရဲ့ ထူးကဲတဲ့အနှစ်တွေက ပါးစပ်ထဲမှာ ပြည့်လျှံလာတယ် ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စီစဉ်ထားပြီးနောက် သိုးသားရဲ့ မူပိုင်အနံ့မရှိဘဲ အမွှေးအကြိုင...

Йой! Нажаль, це зображення не відповідає нашим правилам. Щоб продовжити публікацію, будь ласка, видаліть його або завантажте інше.

သိုးသားရဲ့အပြင်ပိုင်းက ကျက်ပြီး အတွင်းထဲမှာ နူးညံ့နေတယ်။ အပူပေးထားပုံက မှန်ကန်တယ် ။ ကိုက်လိုက်တဲ့အချိန်မှာအသားရဲ့ ထူးကဲတဲ့အနှစ်တွေက ပါးစပ်ထဲမှာ ပြည့်လျှံလာတယ် ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စီစဉ်ထားပြီးနောက် သိုးသားရဲ့ မူပိုင်အနံ့မရှိဘဲ အမွှေးအကြိုင်ကဲမှုသာ ကျန်ရစ်တယ် ။

ကျိုးကျားယွီက စူးစမ်းချင်စိတ်ပြင်းပြင်းပြပြနဲ့ မေးလိုက်တယ်။

" ကျွန်တော်မလာခင်က ခင်ဗျားတို့ ခေါက်ဆွဲကို နေ့တိုင်း စားကြတာလား ။ "

ရှန်ရိချောင်ရဲ့ မျက်နှာက ကြည့်ရပြန်ဆိုးသွားပြီး

" ဟုတ်တယ် ။ ပြီးတော့ ထမင်းကြော်ရောပဲ ။ "
" အပြင်ကနေ မှာမစားဘူးလား ။ "

" မရဘူး ။ ငါတို့ကို ရှန်ရှန်းက အပြင်စာမှာစားတာ ရှောင်ခိုင်းထားတယ် ။ "

" ဪ... "

ချက်ပြုတ်လာရတဲ့အပေါ် ခါးသီးတဲ့မျက်နှာထားနဲ့ ဘာလို့ဒီလောက် မကျေမချမ်းနိုင်ဖြစ်ရလဲဆိုတာ နားလည်ပါတယ်။

ရှန်အာ့ပိုင်က ရှန်ရိချောင်လောက် မဖော်ရွှေဘူး ။ လင်းကျုရွှေနဲ့ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ့မျက်နှာကမှုန်မှိုင်းနေခဲ့တယ် ။ ခုလက်ရှိသူ့အခြေအနေနဲ့ မေးခွန်းမေးဖို့မသင့်လျော်ဘူးဆိုတာ ကျိုးကျားယွီသိပါတယ်။ ဒါပေမယ့် မထိန်းထားနိုင်တာမို့ သတိကြီးကြီးထားပြီး မေးလိုက်တယ် ။

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now