-1/Three-

416 70 0
                                    

အဆောက်အအုံငယ်လေးက ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ဖြစ်ပြီး ပတ်ဝန်းကျင်က ခြံစည်းရိုးသဖွယ် ။ သူ ခြေတစ်လှမ်း မချခင်မှာပဲ စန္ဒကူးရနံ့ သင်းပျံ့ပျံ့လေး ရလာတယ် ။ အနံ့မပြင်းဘဲ စိတ်လန်းဆန်း‌စေဖို့ ထိန်းညှိပေးရုံလေးတင် ။ အိမ်ထဲဝင်သွားတဲ့သူနောက်ကို ကျိုးကျားယွီလိုက်ပြီး ထမင်းစားခန်းထဲသူတို့ဝင်သွားချိန်မှာ စားပွဲမှာနံနက်စာစားနေတဲ့ လူငယ်‌နှစ်ယောက်ကို တွေ့လိုက်ရတယ် ။

" အခုကစပြီး ငါတို့နဲ့မင်းနေရမယ် ။ "

ကျိုးကျားယွီကို ခေါ်လာသူကပြောတယ်။ စကားစပြောပေမယ့်လည်း သူ့သဘောထားကဆိုးနေဆဲပဲ။ သူ့က ကျိုးကျားယွီကို ကြည့်တိုင်း မုန်းတီးမှုနဲ့ စပ်ဆုပ်ရွံရှာမှုတွေ အတူရှိတယ် ။ သူမဖြစ်မနေပေးရမယ့် ညွှန်ကြားချက်သာမရှိလျှင် သူ့ကို စကားတစ်ခွန်းတောင် မပြောချင်တာဖြစ်မယ် ။

" ဪ ကျေးဇူးပါ ။ "

ပန်းကန်လုံးတစ်လုံးနဲ့ ဘေးမှာရှိတဲ့ တူတစ်စုံက စားပွဲနဲ့ အနည်းငယ်လှမ်းတဲ့နေရာမှာ ချထားတယ် ။ အချိန်အနည်းငယ်ရှာ‌ဖွေပြီးနောက် သူ့ဖို့ထုတ်ထားကြောင်း သေချာသွားတယ် ။ တိတ်ဆိတ်စွာသွားပြီး ထိုင်လိုက်ရင်း  ပေါင်မုန့်ကိုကိုက်ရင်း ဆန်ပြုတ်သောက်လိုက်တယ် ။

" တတိယထပ်ရဲ့ ညာဘက်ထောင့်စွန်းမှာ မင်းအခန်းရှိတယ် ။ "

ဗိုက်ပြည့်တဲ့အထိ စားပြီးတဲ့နောက် သူ့ကိုခေါ်လာတဲ့သူက သော့တစ်ချောင်းကို ရှေ့ကိုပစ်ချရင်း ပြောလာတယ် ။

" မင်းမှာ လုပ်စရာမရှိရင်တောင် လျှောက်မသွားနဲ့ ။ "

" ကျေးဇူးပါ ။ "

စားပြီးတဲ့နောက် လူတိုင်းလူစုခွဲသွားကြပြီး စားပွဲမှာကျန်ခဲ့တဲ့နောက်ဆုံးသူဟာ ကျိုးကျားယွီ ဖြစ်တယ် ။ ပန်းကန်လုံးတွေနဲ့ တူတွေ‌ကိုမြင်လိုက်ရတာကြောင့် သူတုံ့ဆိုင်းသွားတယ် ။ နောက်ဆုံးတော့ အဲ့ဒါတွေအားလုံးကို မီးဖိုချောင်ယူသွားပြီး ဆေးကြောလိုက်ရတယ်။

အခုတော့ အဆောက်အအုံလေးက တိတ်ဆိတ်သွားပြီ။ ကျိုးကျားယွီသာ အပေါ်ထပ်ကလူတွေကိုမမြင်မိရင် ဒီအိမ်ထဲမှာ သူတစ်ယောက်ထဲရှိ‌နေတယ်လို့ ထင်မိမှာပဲ ။

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now