[MM translator's Note --- အလုပ်အပြောင်းအရွေ့တွေကြောင့် အများကြီးနောက်ကျသွားပါတယ် Sorry🙏
နောက်ပိုင်းလည်း အလုပ်ရှုပ်လာစရာ တွေရှိသေးတော့ တစ်ခါတစ်လေ updateက တစ်ပတ်တစ်ခါ ဖြစ်သွားနိုင်ပေမယ့် ခုလက်ရှိတော့ နောက်တစ်ပတ်ကစပြီး
သောကြာ ၊ တနင်္ဂနွေ update လို့ သတ်မှတ်ထားပါတယ် ။ အကြောင်းကိစ္စတွေကြောင့် ကြန့်ကြာသွားခဲ့ရင် သည်းခံနားလည်ပေးဖို့ ကြိုတင်မေတ္တာရပ်ခံ ပါတယ် ။ ကိုယ်တိုင်က novel reader ဖြစ်တော့ ကိုယ်ချင်းစာလို့ နေ့တိုင်းတောင် updateပေးချင်တာ ။ အခုမှ အရင်က တိုးတိုးလေး အပြစ်တင်ဖူးတဲ့ တာတာတွေကို ကိုယ်ချင်းစာသွားတယ် 😁🙏🤎 ]
ကျိုးကျားယွီရဲ့ ပထမဆုံးနေ့ ရှင်သန်မှု(ဒီနေရာမှာ)က ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားပါတယ် ။ အနည်းဆုံးတော့ အခြားသူတွေရဲ့ နံမည်ကိုသိလိုက်ရတယ်လေ ။ ညနေပိုင်းရောက်တော့ သူ့အခန်းပြန်ပြီး ရေနွေးနွေးနဲ့ ရေချိုးလိုက်တယ်။
အရင်က သတိမထားမိပေမယ့် သူ့အင်္ကျီကို ဖယ်လိုက်တော့မှ ခန္ဓာကိုယ်တစ်ခုလုံး ပွန်းပဲ့ဒဏ်ရာတွေ ဖုံးလွှမ်းနေမှန်း သိရှိသွားတယ်။ ဒီခန္ဓာကိုယ်ရဲ့ အသားအရောင်က နဂိုဖြူ ဖြစ်နေတာကြောင့် သူ့အသွင်အပြင်က ကြေကွဲဖွယ်မြင်ကွင်း တစ်ခုဖြစ်နေသည်။ သို့သော် ဒီလူလုပ်ခဲ့တာတွေနဲ့ပတ်သတ်ပြီး သေချာတွေးခဲ့ပြီးနောက်မှာတော့ သူ့လုပ်ရပ်ကြောင့် မရှုမလှခံရတာက တကယ်လွန်တယ်လို့ မမြင်မိပါဘူး။ သူ့ကိုယ်သူ ခါးခါးသီးသီ နှစ်သိမ့်လိုက်တယ်။
နွေရာသီအစောပိုင်းကာလမို့ လေအပူချိန်က စတင်မြင့်တက်လာပြီ ။
ရေချိုးပြီးနောက် အင်္ကျီပွပွ ဝတ်လိုက်ပြီး ကုတင်ဘေးမှာ ထိုင်ကာ လေနုအေးလေးကို ခံစားနေလိုက်တယ် ။
ပြတင်းပေါက်အပြင်ဘက်မှာ ကောင်းကင်ဟာ မှောင်မည်းနေပြီး သစ်ရွက်အပြည့်နဲ့ပိတ်ဖုံးထားတယ် ။ ဥယျာဉ်ရဲ့ အကျယ်အဝန်း ဧရိယာထဲ ထင်ရှူးပင်မြင့်မြင့်ကြီးတွေ ၊ ကျောက်ပန်းပင်တန်းနဲ့ မတ်ပြီးရှည်လျားတဲ့ အစိမ်းပုတ်ရောင် ဝါးတန်း တွေက လူသွားလမ်းဘေးမှာ အများဆုံးနေရာယူထားတယ် ။
YOU ARE READING
My Five Element Lack You (MMtranslation)[Drop]
HorrorNotice -- Just Translation Genre - rebirth, interesting, horror, comedy, supernatural, yaoi Completed ✅ ( 106 chapters + 7 extra) All Credit - original author and English translator >