"ဟင်.....တကယ်လား ကိုယ်က စိမ့်ငယ်မလိုက်ချင်ဖြစ်နေမှာစိုးတာ ကိုယ့်ကြောင့်စိမ့်ငယ်ကို အခက်အခဲမဖြစ်စေချင်တာမို့ ကိုယ်ရင်ထဲမကောင်းဖြစ်နေတာ"

"ဘာလို့ငါ့ကိုမမေးတာလဲ ထ သားကစောင့်နေတယ် သားကအကြာကြီးစောင့်နေရရင် စိတ်ကောက်တတ်တာ သိရဲ့သားနဲ့ "

"သားစိတ်ကောက်ရင် မင်းကကူချော့ပေးပေါ့ သားကမင်းကိုဆိုအရမ်းအလိုလိုက်တာလေ"

စိမ့်ပါးနှစ်ဖက်အားအုပ်မိုး၍ကိုင်ကာ နှာခေါင်းထိပ်ကလေးချင်းထိကပ်လျှက်
စိမ့်က ကောင်းကင် စကားကြောင့် တစ်ချက်ပြုံးလိုက်ရင်း၊ သွားဖို့အမြန်ဆော်သြရပြန်သည်။

သူတို့နှစ်ယောက်ထွက်လာတော့ သားကရေခဲမုန့်စားနေတာဖြစ်သည်။ဒါ့ကြောင့်အသံတိတ်နေတာလည်းဖြစ်သည်။

"Daddy ရုပ်ဆိုး ရမ်းကြာ"

"ကယ် သွားကြမယ် "

ပြန်ခံပက် ဖို့ပြင်နေသည့် ကောင်းကင် ကြောင့် စိမ့်ကပဲကြားထဲက သားလက်ကိုဆွဲကာ သို့ဖို့ပြောရသည်။

စျေးထဲမှာ ဘာမှသိပ်မရှိပေမဲ့ သားကလာချင်သည်ဟု ပြောလို့သာထွက်လာခဲ့ကြတာ။အမှတ်တရပစ္စည်းဆိုတော့လည်း ဆေးရိုက် ချည်သားအင်္ကျီလေးတွေသာရှိတာဖြစ်၏။လမ်းဘေးကအစားအစာ ဆိုလည်း သားက စားတာမဟုတ်။အင်္ကျီဆိုလည်း သူ့ daddy ထုတ်ပေးထားတဲ့ အင်္ကျီကိုသာဝတ်တာ။အသားမကောင်းတာ ကြမ်းတာတို့ဆို သားကကြည့်တာနဲ့သိသလို ဝတ်ဖို့ငြင််းတတ်သေးသည်။သားကကိုကြီးကျယ်လေးလားဆိုတော့မဟုတ်ပြန် သူအငယ်လေးကတည်းက ဒီလိုနေထိုင်လာရတာဖြစ်တာကြောင့် သားအပြစ်တော့မဟုတ်။

စျေးထဲ သူတို့တွေ အတွဲကိုယ်စီနဲ့ လမ်းပတ်လျှောက်ရုံသာ။ အပြန်ကျ သားကတစ်နေကုန်ဆော့ထားတာကြောင့် ပင်ပန်းပြီးအိပ်ချင်နေပြီဖြစ်တာကြောင့် ကောင်းကင်ကသားကိုချီကာ တစ်ဖက်က သူ့လက်အားမလွှတ်တမ်းဖမ်းဆုပ်ထားသေးသည်။

"ကောင်းကင် မနက်ပြန်မှာဆိုတော့ ကိုယ်နဲ့ ရှိုင်းလေး ကားဆီ သွားဖြည့်ထားလိုက်အုံးမယ် ရှေ့လမ်းမကြီးမှာ ဆီဆိုင်တွေ့ထားလို့"

I am not girl(Complete)Where stories live. Discover now