စိမ် ရှေ့လက တည်းခိုးခန်းအတွက် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းအနည်းငယ်ကိုရန်ကုန်ထိတတ်ဝယ်ခဲ့ရတာဖြစ်သည်။ကံကောင်းစွာနဲ့ သားကိုတွေ့ခဲ့ရပေမဲ့ ထိုနေ့ဟာ အတိတ်ဆိုးပင်ဖြစ်သည်။ကိုယ့်မိဘတွေအားရက်ရက်စက်စက်သတ်သည့်သူအား သနားစိတ်ဖြစ်မိခဲ့သေးသည်။

..............

"မမမြတ်နိုး Room 7 ကို cleaning service
ပို့ပေးပါအုံး~~~"

စိမ့် Key card လေးအား ဘောင်းဘီအိတ်ထဲကနှိုက်ထုတ်ပြီး ကောင်တာဘက်ကိုအကြည့်ပို့တော့ သူ့အား မျက်ရည်တွေနဲ့စိုက်ကြည့်နေတဲ့လူကိုတွေ့လိုက်သည်။ထိုလူကကောင်းကင်ဖြစ်နေသည်။ကောင်းကင် နှုတ်ခမ်းတွေဟာ တစ်ဆက်ဆက် တုန်ယင်နေပြီးပြိုတော့မဲ့မိုးလိုအုပ်မှိုင်းနေလျှက်ရှိသည်။စိမ့် သူ့ဆီမှအကြည့်လွှဲရင်းဘာမှမဖြစ်သလို ကောင်တာထဲဝင်လျှက်

"စိမ့်ငယ်....."

"စိမ့်ဘုန်းမြတ်ပါခင်ဗျ ဘာများကူညီဆောင်ရွက်ပေးရမလဲ"

"ဘုန်းမြတ် ကမ်းခြေက သုံးလုံးတွဲ အတွက်လုပ်ပေးလိုက် မမ ဝဏ္ဏတို့ကိုစျေးလွှတ်ဖို့ သွားခေါ်အုံးမယ် "

"ဟုတ်မမ"

စိမ့် က Key card တွေကိုင်ပြီး ပပကို  စာရင်းလုပ်ခိုင်းကာ ပေါ့ပေါ့ပါးပါးပဲ ကောင်းကင်ကို အခန်းလိုက်ပြပေးသည်။

"အထုတ်တွေကူချပေးပါမယ် ခင်ဗျ"

"ကားက ဟိုဘက်မှာ "

"ဟုတ်ကဲ့"

စိမ့် ကောင်းကင်အနောက်ကတိတိတဆိတ်သာလိုက်လာလာခဲ့သည်။သူတို့နှစ်ယောက်ကားနားရောက်တော့ လူစုံတတ်စုံပင်ဖြစ်နေသည်။အနေရမခက်ချင်တာကြောင့်ရှောင်နေတာမျိုးလည်းသူမလုပ်ချင်တော့

မျက်မှန်ဝိုင်းလေးနဲ့ကလေး မိုးထက် ပုခုံးပေါ်ခွစီးကာအိပ်နေတာဖြစ်သည်။ရှိုင်းလေးက အထုတ်တွေ ချနေပြီး ဟိန်းဇက်နှင့် လမင်းကလည်း ပုခုံးဖက်လျှက်ရှိနေပြီ။

"ဟာ ဘုန်းမြတ်"

"ဟုတ်ကိုမိုး"

မိုးထက်က ကောင်းကင်အားမျက်လုံးပင့်ကာမေးတော့ ကောင်းကင်က မျက်နှာမကောင်းပေသလို သူ့အား ပုခုံးပင့်ပြလာသည်။ဒီအခြေကဘာပါလိမ့်

I am not girl(Complete)Where stories live. Discover now