အချစ်လွန် သို့ အချစ်ကျွန် Room18

Start from the beginning
                                    

ကားပါကင်မှာစောင့်ရင်း ပြန်မယ်လုပ်တော့မှ
ဦးမောင်မောင်စိုးတို့ထွက်လာတာတွေ့ပြီး
စိုးရိမ်စိတ်နဲ့ တိုက်ပေါ်တက်ခဲ့မိတာ
securityအရမ်းကောင်းတာမို့
ကောင်းလင်းပိုင်တို့အခန်းကိုဝင်ဖို့
အခန်းသော့ပွင့်ဖို့
အာမခံအဆင့်ဆင့်ဖြတ်ကျော်ပြီး
ဖွင့်ပေးချိန်မှာ ​ြမင်ရတာက

ဇေဝါမောင် ဆန့်ငင်နေတဲ့
လေထဲမှာလွတ်နေတဲ့ခြေထောက်တွေကို
ပွေ့မထားပြီး
ကယ်တင်နိုင်လိုက်တယ်
ကုတင်ပေါ်က ကောင်းလင်းပိုင်
အကျီဗလာနဲ့ ဒဏ်ရာတွေမှာဆေးတချို့နဲ့
မြင်မကောင်းပေမယ့် ကြည့်ကောင်းနေတဲ့ လူ
First aidနဲ့ သေချာလုပ်ပေးပြီးမှ
ဆေးရုံကားမခေါ်ဘဲ
ဆရာဝန်နဲ့ဝန်ထမ်းတွေကိုခေါ်ပြီး
ဒီနေရာအငွေ့အသက်မကြိုက်လို့သာ
စံအိမ်ကိုခေါ်လာခဲ့တာ
လူနှစ်ယောက်
ရှင်သန်နိုင်စေဖို့အတွက် ကူညီပေးမိတယ်
&^^^^^^^^^^^^^&&&^^^^^^^^&&

နားနားကပ်ပြီးတိုးတိုးပြောတာမျိုးမလုပ်နဲ့ဆိုတာ
မောင်ဟာလေ
ပြောစကားနားမထောင်ဘူး
နားနားလေးမှာတွတ်တွတ်ပြောနေတာ
တွေ့မယ်ခင်ဗျား
အိပ်မက်လိုလိုနဲ့ အနမ်းတွေ
မိုးလိုရွာချခံနေရတာရောဘဲ
မောင်ဟာလေ လူကို ထင်တိုင်းကြဲနေတော့တာ
သေပြီသာမှတ် ခင်ဗျား,...

မောင်""""
မေ့မျောခြင်းဟာမောင်နဲ့စပြီး
သတိရခြင်းမှာလည်း
မောင်နဲ့အဆုံးသတ်ခဲ့တယ်"

"ကိုကောင်းလင်းပိုင် သတိထားဦး"

"မောင်ရော မောင်ရောဟင်
ကျနော်ကဘာလို့ ဒီပြန်ရောက်နေတာလဲ"

"ခင်ဗျားသတိမေ့နေတာ နှစ်ရက်ရှိပြီ"

"မောင်ရော
မောင် ဘယ်မှာလဲလိူ့မေးနေတယ်လေ"

"စိတ်ချ ခင်ဗျားမောင်နဲ့တွေ့ရမယိ ဒါပေမယ်
ဒီလိုဘဲ ထင်ရာစိုင်းနေရင်တော့ ပေးမတွေ့ဘူး
ကျတော်ပြောတာ နားလည်လား
ကိုကောင်းလင်းပိုင် စိတ်ကိုအေးအေးထား"

မောင့်ရဲ့အခြေအနေကိုရှင်းပြနေပေမယ့်
မောင့်ကုတင်ဘေးမှာ ဒူးထောက်ပြီး
မောင့်လက်ကိုတင်းတင်းကိုင်
စကားတွေပြောနေတဲ့
ကျနော်က အရူးတစ်ယောက်လိုပါဘဲ

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now