အချစ်လွန်သို့အချစ်ကျွန် Room17

Start from the beginning
                                    

ဒီလိုလူတစ်ယောက်ကို
မောင့်လက်နဲ့ မောင်ကိုယ်တိုင်ရက်ရက်စက်စက်
ရိုက်ရသတဲ့လေ ဖေဖေရယ်
မောင့်အသဲတွေကြေမွပါပြီဗျာ

မောင့်ကြောင့်...
မောင်ရှိနေလို့ ပိုင့်အတွက်နာကျင်မှု့တွေဖြစ်ရတာ
မောင် မရှိရင် မောင် မရှိတော့ရင်
ဟုတ်တာပေါ့...မောင်မရှိရင်
မောင်ချစ်ရသူတွေဘယ်နာကျင်ရပါမလဲ
ဖေဖေ ​မမ အပါအဝင်
မောင်သိပ်ချစ်တဲ့ ပိုင်ရောပေါ့..

ပိုင့်နဖူးလေး ပိုင်းနှုတ်ခမ်းလေး ပိုင့်ပါးလေး
ပိုင့်မျက်တောင်လေးကအစနမ်းမိပေမယ့်
ခင်ဗျား ဆိုတဲ့ ပိုင့်ရဲ့တားဆီးအမိန့်တွေ
မကြားရဘူး
ပိုင် မောင့်ကို....တစ်ခုခုပြောပါဦးလား
ငြိမ်သက်နေတဲ့ပိုင့်ဆီက စကားသံလေး
တစ်ခု​တောင် ထွက်မလာဘူး
ပိုင့်နားလေးကိုကပ်ပြီး
ပိုင့်ကို အရမ်းချစ်ကြောင်း
ပိုင်က မောင့်ကမ္ဘာကြီးဖြစ်ကြောင်းပြောရတာ
ပျော်ဖို့ကောင်းလိုက်တာ
ပိုင်သာသိရင် မောင့်ကို ဆူမှာလား
ပိုင်ကလည်း အိပ်ပုတ်ကြီးလိုက်တာ
ပိုင့်ကိုယ်ငွေ့တွေကလည်း ပူလိုက်တာ
မောင့်နှုတ်ခမ်းတွေတောင် အပူလျှပ်တေ့ာမယ်

ပိုင်.. ပိုင် ထပါဦး
ချစ်ရသူကို ကိုယ်တိုင်နာကျင်စေမိတာ
ဒဏ်ရာဟာ ကိုယ်တိုင်သာမို့
ပိုင့်လက်ကိုချည်ခဲ့တဲ့ကြိုးလေးက
မောင့်ကိုလှောင်ပြောင်နေသလိုပါ

ပိုင်...📑📩
မောင့်ကြောင့်နာကျင်စေမိပြီ
ပိုင့်ကိုထိခိုက်စေမိတာ မောင် တောင်းပန်ပါတယ်
ဖေဖေတို့ကိုလည်းစိတ်မဆိုးပါနဲ့
မောင်အသုံးမကျတဲ့လူတစ်ယောက်ဖြစ်ခဲ့တာမို့
မောင့်ဇာတ်လမ်းကိုမောင်အဆုံးသတ်ခွင့်ပေးပါ
ထာဝရချစ်တယ်..ပိုင်..💌💌

ဗျို့ ကောင်းလင်းပိုင်📬
ချစ်တယ်
ပိုင်ရေ...ဘဝဆက်တိုင်း
ပိုင့်ကိုချစ်တဲ့လူ
မောင်တစ်ယောက်ဖြစ်ခွင့်ရချင်တယ်
ပိုင့်ရဲ့ ဇေဝါမောင်💌📧

ဖေဖေ📫
ကျေနပ်ပေးပါ
ကျနော်ဆက်ပြီး ရှင်သန်ရမှာကြောက်တယ်ဖေဖေ
ကျနော့်ကြောင့် ဘယ်သူမှ မထိခိုက်စေရပါဘူး
ဖေဖေက မမကိုပိုချစ်ပေမယ့် အမြဲတမ်း
သားဖေဖေပါ
ဖေဖေမကြိုက်တဲ့ သားလို့သုံးမိတဲ့အတွက်
ခွင့်လွှတ်ပေးမယ်မလား ဖေဖေ
ဖေဖေမချစ်တဲ့ စွန့်ပစ်ခံသား ဇေဝါ​မောင်📧💌

စာရွက်လေးတွေ လေလွင့်မှာကြောက်လို့
မမြင်မှာစိုးလို့ ထင်သာမြင်သာ
သေချာလေးဖိ​ပေးထားရသေးတယ်

ခုံရှည်လေးတစ်ခုပေါ်တက်ပြီး
လည်ပင်းပေါ် ကြိုးလေးစွပ်ပေးတယ်
သပ်သပ်ရပ်ရပ်လှလှပပဇာတ်သိမ်းဖို့အတွက်..

ပိုင်ကိုတစ်ချက်ကြည့်မိတယ်
အပြုံးလေးတစ်ခုနဲ့အတူ
ခုံစောင်းပြုတ်ကျသံနဲ့အတူ
လည်ပင်းက အစ်ခနဲ
ကြိုးကွင်းကို အငမ်းမရဖမ်းဆုပ်ပြီး
ပိုင့်ကိုချစ်ကြောင်းတွေ
ခွင့်လွှတ်ပေးဖို့တွေ သွေးရူးသွေးတန်း
ပြောမိသေးတယ်ထင်ပါတယ်
တကိုယ်လုံးက ေသွး ကြောတွေ
ရပ်တန့်သွားသလို
အကြောတွေက တဆက်ဆက်နဲ့
နားထဲကလေတွေထွက်နေသလို
ပါးစပ်တွေထုံပြီး လျှာကိုမထိန်းနိုင်တော့သလို
ပြာဝေတဲ့အမြင်မှာ အရိပ်တွေ အရိပ်တွေ

ပိုင်ရေ...ဘဝအဆက်ဆက်မှာလေ
ပိုင့်ကိုချစ်တဲ့လူ
မောင်တစ်ယောက်ဖြစ်ခွင့်ရချင်တယ်...

NyoThitWai
17/2/2023..
Fri 9:11pm
🏳️‍🌈🖤🏳️‍🌈

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now