"ကောင်းကင်စိတ်ထိန်းအုံး "

"ဟေ့ကောင် ငါ CCTV မှတ်တမ်းရှာခိုင်းမယ် မင်းစိတ်ထိန်း"

"မဟုတ်ဘူး စိမ့်ငယ်က သားလေးကိုချစ်တယ်"

"ကောင်းကင်ထက်ယံ .... စိတ်ထိန်းကွ..."

"အူငဲ......အူငဲ.......ငဲ......ငဲ...."

ကလေးငိုသံကြားတော့ကောင်းကင်က ချက်ချင်းကလေးရှိရာကိုပြေးသွားပေမဲ့ မိုးထက်က ကောင်းကင်ကိုဆွဲကာ ရှိုင်းလေးအား ချီစေသည်။ကောင်းကင် စိတ်လွတ်နေတာကြောင့် ကလေးချီဖို့ဆိုတာမဖြစ်နိုင်။ကလေးက ရှိုင်းလေးလက်ထဲမှာ လဲ အငိုမတိတ်သေး တအဲ့အဲ့ နှင့်ငိုနေဆဲဖြစ်သည်။

"သားလေး ငါ့ကိုပေးပါ အစ်ကို ရာ သားလေး.....သားလေးဖေဖေကို ပြန်ခေါ်ပေးတာ daddy ရူးတော့မယ် သားရေ ...."

မိုးထက်ကိုဖက်ကာ အော်ငိုပြန်သည်။ဒီလတွေအတောအတွင်း သူတို့တွေ အဆင်ပြေနေကြတာကြောင့် ဒီအတိုင်းအတူတူဆက်ရှိသွားမယ်လို့ အားလုံးကယူဆ ခဲ့ကြတာ။စိမ့် အခုလိုချက်ချင်းထွက်သွားမယ်မှန်းဘယ်သူကမှ မတွေးခဲ့ကြပေ။ သူ အစောကတည်းက ကောင်းကင်ကို အမြဲပြောလေ့ရှိသည်။မထွက်သွားပါဘူးဟု ပုံသေတွေးထားမဲ့အစား ထွက််သွားခဲ့ရင်လည်းခံနိုင်ရည်ရှိအောင်လုပ်ဖို့လိုအပ်သည်ဟုပင်။

အခန်းတစ်ခုလုံးဟာ သူတို့သားအဖငိုသံကပျံ့လွင့်နေ၏။

*Ring...........

"Hello သခင်လေး.. အခြေအနေမကောင်းပါဘူး အာကာထက်အစီအစဥ်အောင်မြင်သွားပြီ"

ကောင်းကင် ပူပန်နေသည့်ကြားမှ ထပ်ပြီးသတင်းဆိုးတစ်ခုကိုကြားခဲ့ရပြန်သည်။

"အန်ကယ် ဦးဘုန်း ၊အန်တီနန္ဒာအပြင် ဒေါ်အေးနွယ်နီလည်း ကားအက်စီးဒင့်ကြောင့်ပွဲချင်းပြီးပါပဲ ပစ္စည်းတွေဘာတစ်ခုမှမပျောက်ဆုံးပေမဲ့ ဒေါ်အေးနွယ်နီရဲ့ ဖုန်းကတော့ပျောက်ဆုံးနေဆဲပါ..."

ဒီနေ့ဟာ ကမ္ဘာပျက်သည့်နေ့တစ်နေ့ပင်ဖြစ်သည်။ဒီကိစ္စကို စိမ့်ငယ်မသိသွားခဲ့ဘူး သိသွားခဲ့ပါလျှင် မကာကွယ်နိုင်ခဲ့တဲ့သူ့ကို ထပ်ပေါင်းမုန်းနေအုံးမည်လား
.........

I am not girl(Complete)Where stories live. Discover now