"ငါ့ ဘာသာဘာလိုက်လုပ်လုပ်ပေါ့ အလုပ်ရှိလို့လျှာမရှည်နဲ့"
"ဟုတ်"
ထပ်မေးရင်လက်ပါလာမဲ့ကိန်းရှိတာမလို့ငြိမ်ပြီးသာလိုက်လာခဲ့သည်။
ကျောင်းပေါက်ဝရောက်သည်အထိ စိတ်က အိမ်ကအိပ်ယာပေါ်မှာပင် အမေကတော့ရှေ့ကနေသွက်သွက်လက်လက်။
"ဟ နေကြီး"
"ဟ သားကြီး မေ ခင် မြတ် နိုး"
အလျင်အမြန်ပင် နေမျိုးကျက်သရေ ပါးစပ် ကိုလာပိတ်သည်။
"တိုးတိုးလုပ်ပါနေကြီးရ Tomboy သိက္ခာကျတယ်ဗျ"
"မင်းကအစထဲကသိက္ခာရှိေနတာမှ မဟုတ်ပဲ"
"ဒါနဲ့အပ်ပြီးပြီလား"
"ငါ့နှလုံးသားလေးလား"
"သေလိုက်လေ ကျောင်းအပ်တာပြောတာ"
"အခုမှ အပ်မှာ "
"ပြောပါအုံးတစ်ပတ်နောက်ကျပြီးမှကျောင်းရောက်လာတဲ့အကြောင်းလေး"
"တောင်ကြီးကစော်လေးကိုကျူးနေတာ အရှိန်ရပ်မရလို့ အခုတော့လဲလင်နောက်လိုက်ပြေးသွားပြီတဲ့"
မျက်နှာကြီးရှုံ့မဲ့ကာပြောလာသောနေကြီးကြောင့် ခင်ကြီးမှာရယ်ကခက်ငိုကခက်ပင်။
"ရော့ ပိုက်ဆံ ငါ့အတွက်မုန့်ဝယ်ပြီးအခန်းထဲကစောင့်"
နေကြီးလဲ အနွေးထည်ထဲက ပိုက်ဆံကိုပစ်ပေးလိုက်ပြီး အမေ့နောက်ကိုလိုက်သွားသည်။
ကျောင်းmain လမ်းရဲ့လှေကား
တစ်ထစ်..
နှစ်ထစ်..
သုံးထစ်..ဆင်းပြီးအရှေ့ကကျောက်ခဲနဲ့ခလုတ်တိုက်ကာ အမေ့ကို ခေါင်းနဲ့ဝင်တိုက်လိုက်သည်။
"ဟဲ့ အရှေ့ကြည့်လျှောက်ပါဟဲ့ ငါ့နှဲ့ ဒီလေးလုံး ကိုမှ မွေးထားတယ် အဝေးမှုံ အနီးမမြင်ရဲ့"
"ဟာ အမေကလဲ အဝေးလေး ဒီဂရီလေးရာလောက်ရှိတာကိုပြောလို့မပြီးတော့ဘူး"
အမေအားပွစိပွစိပြောကာေနာက်ကလိုက်လာလိုက်သည်။
"ဆရာမ ကျောင်းအပ်ချင်လို့"
![](https://img.wattpad.com/cover/334667145-288-k621583.jpg)
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၁)
Start from the beginning