လန်ယွမ်၏မျက်လုံးများက မသိမသာမှိန်ဖျော့သွားပြီး လက်ထဲမှဓားကိုလဲ လွှတ်ချလိုက်သည်။ ထို့နောက် ပိုင်ယွီအားကြည့်နေခြင်းကိုရပ်ကာ ကျောခိုင်းလိုက်သည်။

သူ၏ခြေလှမ်းများက တံခါးဝဆီကို ဖြည်းဖြည်းချင်းဦးတည်သွားခဲ့သည်။

သူ့နှလုံးသားထဲ၌ ဓားဖြင့်ထိုးမွှေနေသလိုခံစားနေသော်လဲ အံတင်းတင်းကြိတ်ထားမိသည်။

"ထွက်သွားမယ်ဆိုလဲ မြန်မြန်ထွက်သွား ခင်ဗျားကို ထပ်မတွေ့ရစေနဲ့"

ပိုင်ယွီသည် အခန်းထဲတွင် ဗလာသက်သက် မတ်တပ်ရပ်ကာ သူနှင့်တစ်လှမ်းချင်း တစ်လှမ်းချင်း ပို၍ဝေးကွာသွားသော လန်ယွမ်အား ကြည့်နေခဲ့သည်။

သူ၏နှုတ်ခမ်းထောင့်များက ကော့တက်နေဆဲဖြစ်၍ ပြုံးနေပုံရပါသော်လဲ သူ၏မျက်လုံးများက လုံးဝပြုံးမနေခဲ့ပေ။

ကျောက်စိမ်းပုလွေအား နှုတ်ခမ်းနှင့်တေ့၍ အသာအယာမှုတ်လိုက်သည်။ ကျိုးနေပြီဖြစ်သောပုလွေထံမှ အသံမထွက်လာတော့သည့်တိုင် ကြိုးစားပန်းစား မှုတ်နေမိဆဲပင်။ မျက်ရည်များက တသွင်သွင်စီးကျလာခဲ့သည်။

[Host...]

ဝန်လေးနေဟန်ရသော ရှောင်မီဟူ၏အသံက ထွက်ပေါ်လာသည်။

[ဗီလိန်ရဲ့ နှစ်သက်မှုတွေ ကျဆင်းသွားတာကို ကျွန်တော်စစ်ဆေးတွေ့ရှိရပါတယ်]

"အင်း"

ပိုင်ယွီ ပေါ့ပေါ့ပါးပါးလေးသာ ခေါင်းငြိမ့်ပြလိုက်သည်။

[Host...]

ရှောင်မီဟူအနေနှင့် ပိုင်ယွီအား အမှန်တကယ်နှစ်သိမ့်မိချင်သည်။ သို့သော်လဲ Hostအား မည်သို့နှစ်သိမ့်ရမည်ကိုပင် မသိတော့ပေ။

"အဆင်ပြေပါတယ် ရှောင်မီဟူရယ် ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာတော့ မစ်ရှင်က ကျရှုံးမှာပဲလေ နှစ်သက်မှုက ဝ%ပဲဖြစ်ဖြစ် ၉၉%ပဲဖြစ်ဖြစ် အတူတူပါပဲ ဘာမှမကွာခြားပါဘူး"

သူ့ပါးစပ်မှ ထိုသို့စကားများပြောနေမိသော်လဲ သူ့နှလုံးသားထဲ၌မူ ထိုသို့မဖြေသိမ့်နိုင်ပါပေ။

ကွာခြားမှုမရှိသည်က မည်သို့ဖြစ်နိုင်ပါမည်နည်း။

နှစ်သက်မှုဟူသည် သူ့အပေါ်တွင်ထားသော ထိုသူ၏အချစ်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now