Arc 5.9(1)

364 61 1
                                    

unicode

အပိုင်း(၁၀၉)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၉.၁)

"အားလုံးထွက်သွားကြ"

လန်ယွမ်၏ပုံမှာ အလွန်အမင်းပင်ပန်းနေပုံပင်။

"ဒါပေမဲ့ ဂိုဏ်းချုပ်ကို ကျွန်မသေချာပြုစုနိုင်ပါတယ်"

ရှောင်ယာသည် ထိုသို့ပြောပြီးနောက် နူးညံ့၍ အရိုးမရှိသလိုပျော့ပျောင်းသည် သူမ၏ခန္ဓာကိုယ်အား လှပသောမြွေတစ်ကောင်နှယ် လန်ယွမ်၏ပေါင်ပေါ်တွင် လှဲချလိုက်သည်။

ထိုသို့သောအမျိုးသမီးသည် ကမ္ဘာပေါ်မှယောကျာ်းများအတွက် အလွန်ဆွဲဆောင်မှုရှိပါသည်။

သို့ပါသော်လဲ နောက်၁စက္ကန့်၌ လန်ယွမ်သည် သူမအား ကြမ်းပေါ်တွန်းချလိုက်သည်။

"ဒုန်း"ခနဲ အသံကျယ်ကြီးနှင့်အတူ လန်ယွမ်ရှေ့မှ စားပွဲသည်လဲ ကန်မှောက်ခံလိုက်ရသည်။

"ငါပြောနေတာ နားမလည်ဘူးလား ငါ့ကိုဒီလိုဆန့်ကျင်ရဲတာ တစ်ယောက်လား နှစ်ယောက်လား"

လန်ယွမ်သည် အလွန်ဒေါသထွက်နေပုံရပြီး သူ့ရှေ့မှလူစုသည်လဲ ကြောက်လန့်တကြားနှင့် ထွက်သွားကြသည်။

ခန်းမကြီးထဲ၌ သူတစ်ယောက်ထဲသာကျန်ခဲ့သည်။

ပါးစပ်ထဲသို့ ဝိုင်များဆက်တိုက်လောင်းထည့်နေရင်းမှ လန်ယွမ် ရုတ်တရက်သီးသွားပြီးနောက် မရပ်နားတမ်းချောင်းဆိုးတော့သည်။

လက်ထဲမှဝိုင်ပုလင်းအား ကြမ်းပေါ်ပစ်ချလိုက်သောအခါ တစ်စစီကွဲကြေသွားလေသည်။

"ခင်ဗျားကတောင် ကျွန်တော့်ကို ဆန့်ကျင်ချင်နေတာပဲ"

လန်ယွမ်သည် အမူးလွန်နေပုံရပြီး မတ်တပ်ထရပ်ကာ အရှေ့သို့တစ်လှမ်းချင်းလျှောက်သွားခဲ့သည်။

သူ၏လက်များက နှလုံးသားနေရာအား ဖိကိုင်ထားသည်။

ထိုနေရာမှ သေလောက်အောင်နာကျင်ရသည်။

ကြမ်းတမ်းသောစကားလုံးများ ပြောခဲ့မိသည်ကို သေချာသိပါသည်။ သို့သော် ပိုင်ယွီနေထိုင်နေသည့်အခန်းရှိရာသို့ မသွားဘဲမနေနိုင်ပါချေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Hikayelerin yaşadığı yer. Şimdi keşfedin