Arc 5.5(2)

989 109 5
                                    

unicode

အပိုင်း(၁၀၆)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ်၅.၂)

လန်ယွမ်သည် အေးစက်စွာဖြင့် အသံပြုလိုက်ပြီးနောက် လက်ထောက်ခေါင်းဆောင်အား လျစ်လျှူရှုကာ ပိုင်ယွီအားချီလျက်သားနှင့် ရှေ့တိုးထွက်လာသည်။

ပိုင်ယွီအားပွေ့ဖက်ထားသည် သူ၏လက်ချောင်းများက ပို၍အားပါလာသလို မျက်လုံးများကလဲ နက်မှောင်လာသည်။

"ဂိုဏ်းချုပ်"

"ထွက်သွား"

လန်ယွမ်သည် ထိုလက်ထောက်ဂိုဏ်းချုပ်ကိုလဲ ကန်ထုတ်လိုက်သည်။

ထိုအချိန်၌ သူ၏ပုံစံမှာ ပိုင်ယွီအား တပါးသူတို့မလုယူနိုင်အောင် ကာကွယ်ပေးနေသည်နှင့်တူသည်။

သူ့ရင်ခွင်ထဲမှလူသည် သူ၏အပိုင်သာဖြစ်သည်။ သူမှလွဲ၍ အခြားသူတို့ ထိတွေ့ခွင့်မရှိပါချေ။

မည်သို့သောလူမျိုးဖြစ်စေ သူခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။

"ဂိုဏ်းချုပ် သူ့ရဲ့ဒဏ်ရာက အရမ်းဆိုးရွားပြင်းထန်လှပါတယ် နလန်ပြန်ထူနိုင်ဖို့အတွက် အချိန်လိုအပ်ပါတယ် ဒါကြောင့် အတူရှိတာမျိုးတွေ ထပ်လုပ်လို့မရပါဘူး"

သမားတော်က ရှင်းရှင်းလင်းလင်းမပြောသော်ငြား ရှက်ရွံ့နေသည့်မျက်နှာကြောင့် လန်ယွမ်နားလည်လိုက်သည်။

"ငါသူ့ကို ထပ်မထိဖို့ပြောချင်တာလား"

"အမှန်ပါပဲ"

သမားတော်က အသာအယာခေါင်းငြိမ့်ပြ၍ "လိုအပ်တဲ့ဆေးဝါးတွေကို ဒီမှာပေးခဲ့ပါတယ် အချိန်မှန်မှန်တိုက်ပေးပါ"

လန်ယွမ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် စိတ်မသက်မသာနှင့် သမားတော်အား ပြန်လွှတ်လိုက်သည်။

ထိုအချိန်၌ လန်ယွမ်သည် ပိုင်ယွီ၏အိပ်ရာနံဘေး၌ထိုင်ကာ ပိုင်ယွီအားစေ့စေ့ကြည့်နေသည်။

သူ့ရှေ့မှလူသည် စာရွက်တစ်ရွက်နှယ်ဖြူဖွေးကာ မျက်နှာသွင်ပြင်တို့က ကြည့်မကောင်းတော့သော်လဲ အန်ထုတ်လိုက်သည့်သွေးများ စွန်းပေနေသဖြင့် နှုတ်ခမ်းပါးလေးက နီရဲနေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now