ဆရာတူအစ်ကိုအား သူ့အနားတွင်ခေါ်ထားခြင်းသည် လက်စားချေနိုင်ရန်အတွက်ဟုသာ ထင်ခဲ့သည်။

သူ၏စကားလုံးတို့က မည်မျှပင်အကျည်းတန်ခဲ့ပါစေ ပိုင်ယွီအား ဖမ်းဆီးခဲ့ပြီးနောက်တွင်မူ သူ့နှလုံးသားထဲ၌ ထိုလူသားလေးအား မည်မျှချစ်မြတ်နိုးရပါကြောင်း သဘောပေါက်လာခဲ့သည်။

ထိုနေ့ကကိစ္စအကြောင်း ပိုင်ယွီပြန်ပြောလာသောအခါ အဆုံးမရှိနိုင်သော နောင်တတရားတို့ကသာ သူ၏ရင်ထဲ၌ရှိနေခဲ့သည်။

"ဆရာတူအစ်ကို အဲ့တာက ကျွန်တော့်အမှားပါ ကျွန်တော် နောက်တစ်ခေါက်ထပ်မလုပ်တော့ပါဘူး ဆရာတူအစ်ကို့ကို လက်စားချေမယ်ဆိုတဲ့စိတ်ပဲ ရှိနေခဲ့တာကြောင့် ကျွန်တော့်နှလုံးသားထဲမှာ ဆရာတူအစ်ကို့ကို အရမ်းချစ်မိနေတဲ့အကြောင်း လုံးဝမတွေးမိခဲ့ဘူး"

ပိုင်ယွီအား သူ၏ရင်ခွင်ထဲ၌ တင်းတင်းဖက်ထား၍

"ဆရာတူအစ်ကို ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား"

သူသည် ရိုးသားဖြောင့်မတ်သူတစ်ယောက်ဖြစ်ပြီး မိစ္ဆာဂိုဏ်းတစ်ခုလုံး၏ ရိုသေလေးစားခြင်းကို ခံထားရသူဖြစ်သလို ကျန်ဂိုဏ်းများအတွက်လဲ ထပ်တူညီသော လေးစားမှုမျိုးကိုရထားသည်။

သို့သော် ဤအခိုက်အတန့်တွင်မူ ပိုင်ယွီ၏ရှေ့မှလန်ယွမ်သည် ကလေးလေးတစ်ယောက်နှင့်တူသည်။

ပိုင်ယွီ ထိုသူအား ကူရာကယ်ရာမဲ့စွာ ကြည့်နေမိသည်။

သူ့ဘဝတွင် အချိန်တိုင်း၌မျက်နှာသေနှင့် နေနိုင်ပါသော်လဲ ထိုသူ၏ပရောပရီလုပ်မှုကိုမူ သည်းမခံနိုင်ပြန်ပေ။

ဘာမှထပ်မပြောတော့ဘဲ လန်ယွမ်ကိုကြည့်ကာ စိတ်လိုလက်ရနှင့် ပြုံးပြလိုက်သည်။

ပိုင်ယွီခွင့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လန်ယွမ် အပျော်လွန်သွားခဲ့သည်။

ပိုင်ယွီ၏ခန္ဓာကိုယ်အား သူ၏အောက်၌ဖိနှိပ်ကာ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြန်သည်။ သို့သော် ဖြူဖျော့နေပြီး နာကျင်မှုကြောင့် နွမ်းလျနေသည့်မျက်နှာကိုမူ လုံးဝသတိမထားမိပါချေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now