လန်ယွမ် မျက်မှောင်ကြုံလိုက်ပြီး "ငါ့မှာ ဆရာတူအစ်ကို့ကို ပြောစရာရှိတယ် မင်းအရင်ထွက်သွားလိုက်"

"ဒါပေမဲ့ ငါပျင်းနေတယ်လေ လန်ယွမ် ဒါက နင့်ရဲ့သတို့သမီးလောင်းကို ဆက်ဆံတဲ့ပုံစံလား"

မိန်းမငယ်လေးသည် ဇနီးလောင်းဟူသောစာလုံးအား တမင်တကာဖိပြောလိုက်သဖြင့် သူ့နှလုံးသားသည် ထိုစကားလုံးများအကြား၌ နစ်မြုပ်သွားခဲ့သလိုမျိုး ပိုင်ယွီခံစားလိုက်ရသည်။

သူ၏လည်ချောင်းမှ နာကျင်နေပြီး ပိုင်ယွီသည် ပါးစပ်ကိုလက်နှင့်အုပ်၍ ဆက်တိုက်ချောင်းဆိုးနေသည်။

လန်ယွမ်ကမူ ပိုင်ယွီကိုသာကြည့်နေပြီး ကျောဘက်အား ဖွဖွပွတ်ပေးနေသည်။

"ဆရာတူအစ်ကို အဆင်ပြေရဲ့လား"

ပိုင်ယွီ ခေါင်းယမ်းပြလိုက်သည်။ သူ၏မျက်နှာမှာ အလွန်အမင်းဖြူဖျော့နေလေသည်။

မတ်တပ်ရပ်နေသော မိန်းမငယ်လေးသည်လဲ ဘာလုပ်ရမှန်းမသိတော့ပေ။

လန်ယွမ်သည်လဲ ထိုအတိုင်းပင်။

"မင်းအရင်သွားနှင့် ဒုဂိုဏ်းချုပ်ကို မင်းနဲ့အတူထည့်ပေးလိုက်မယ်"

ဒုဂိုဏ်းချုပ်ဟူသော အသံကြားလိုက်ရသောအခါ မိန်းမငယ်လေး၏မျက်လုံးများက တောက်ပသွားလေသည်။

"ကောင်းပြီ သူ့ကိုမြန်မြန်လွှတ်ပေးလိုက်"

လန်ယွမ် ခေါင်းငြိမ့်ပြကာ ခါးစည်းထဲမှ တံဆိပ်ပြားကို ထုတ်ပေးလိုက်သည်။

"ဒါကို သူ့ဆီယူသွားလိုက် ငါ့အမိန့်ကို သူမလွန်ဆန်ရဲပါဘူး"

မိန်းမငယ်လေးသည် တံဆိပ်ပြားကိုယူကာ ပြုံးရွှင်စွာဖြင့် ထွက်သွားလေသည်။

ဆူညံနေသောအခန်းသည်လဲ ပြန်လည်တိတ်ဆိတ်သွားသည်။

လန်ယွမ်သည် ပြောထားသောစကားအတိုင်းပင် ပိုင်ယွီအား မနှောင့်ယှက်သော်လဲ ထွက်မသွားခဲ့ပေ။

ဤပုံစံအတိုင်း ငေးကြည့်နေရလျှင်လဲ အဆင်ပြေပါသည်။

ထိုသူသည် အဆိပ်နှင့်တူသည်။ တစ်ချက်ငေးကြည့်မိရုံနှင့် ကိုယ်ရောစိတ်ပါ နစ်မြုပ်သွားရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now