"ဒါပေမဲ့ ငါကတော့မင်းကိုမုန်းတယ်"

ထိုစကားကြားရသောအခါ လန်ယွမ်သည် စိတ်ပျက်အားလျော့သွားပုံပင်။ အလွန်အမင်း ခါးသီးနေသောအမူအရာက မျက်နှာထပ်၌ ထင်ဟပ်နေသည်။

"အင်း ကျွန်တော်သိပါတယ်"

ဆရာတူအစ်ကိုသည် သူ့အား သဘောမကျသည်ကို သိထားနှင့်ပြီးဖြစ်သည်။ လွန်ခဲ့သော၅နှစ်ကတည်းက သိခဲ့ပါသော်ငြား ပိုင်ယွီ၏ပါးစပ်မှ ထိုစကားထွက်လာချိန်တွင်မူ သူ့နှလုံးသားက အမှန်တကယ်ပင် နာကျင်ရပါသည်။

သေလောက်အောင် နာကျင်ရပါသည်။

"ဆရာတူအစ်ကိုက ကျွန်တော့်ကို အရမ်းမုန်းနေတယ်ဆိုလဲ အနာဂတ်မှာ သေချာသတိထားပြီး ဆရာတူအစ်ကိုရဲ့ရှေ့မှာ မပေါ်လာမိအောင်နေပါ့မယ် ပြီးတော့ ဆရာတူအစ်ကို့ကိုလဲ ပြန်ပို့ပေးပါမယ် ဒါကြောင့် အိမ်ပြန်ခရီးမထွက်ခင်လေးမှာ ပြန်ပြီးကျန်းမာလာအောင် ဂရုစိုက်ပေးပါ ဟုတ်ပြီလား"

ပိုင်ယွီ ခေါင်းငုံ့ထားပြီး လန်ယွမ်အား ဘာမှပြန်မပြောခဲ့ပေ။

သူသည် ဖျားနာနေခြင်းမဟုတ် အဆိပ်မိနေခြင်းသာဖြစ်သည်။

ထို့ကြောင့် ဤရောဂါကို ကုသ၍မရနိုင်တော့ပေ။ သူသည် ဤကမ္ဘာပေါ်တွင် ရက်အနည်းငယ်သာ နေရပါတော့မည်။

ပြင်းထန်စွာနာကျင်ရပါသော်လဲ ဤနေ့ဤအချိန်ထိ နာကျင်မှုကိုတားဆီးရန်အတွက် ရှောင်မီဟူအား အကူအညီမတောင်းခဲ့ပေ။ ခန္ဓာကိုယ်တစ်ခုလုံး၌ နာကျင်မှုတို့ လွှမ်းမိုးနေချိန်တွင် တဖြည်းဖြည်းချင်းအားအင်ချိနဲ့လာသည်ကို ခံစားရလိမ့်မည်။

ထိုအခါ သူ၏ဘဝသက်တမ်းသည်လဲ ပိုပို၍နည်းပါးလာသည်ကို သိရှိပါလိမ့်မည်။

သူသည် သေဆုံးရတော့မည်ဖြစ်သည်။

လန်ယွမ်...

ပိုင်ယွီ၏အကြည့်များက သူ့ရှေ့မှလူထံတွင်သာ မြဲမြဲမြံမြံတည်ရှိနေခဲ့သည်။ သူ၏ရင်ထဲ၌ ပြင်းစွာသောတုံ့ဆိုင်းမှုသာ ကြီးစိုးနေသည်။

ဤနေရာတွင် သူသေဆုံးသွားသည်ကိုသာ တွေ့ရပါလျှင် လန်ယွမ် ဝမ်းနည်းနေပါမည်လော။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now