"ဒါဆို ပိုင်သခင်လေးဆီက သတင်းကောင်းကိုပဲ ကျွန်တော်တို့ စောင့်မျှော်နေပါ့မယ်"

ထိုသို့ပြောပြီးနောက် အနှီလူသည် ပိုင်ယွီအား အရိုအသေပေး၍ ပြန်ထွက်သွားလေသည်။

ထိုသူသည် ကိုယ်ဖော့ပညာအရာ၌ အလွန်ကောင်းမွန်သောကြောင့် ဝင်ရောက်လာဖူးသော အရိပ်အယောင်ဟူ၍ပင်မကျန်ခဲ့ဘဲ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ပိုင်ယွီသည် ၂ကြိမ်ပင်တွေးမနေတော့ဘဲ လက်ထဲတွင်ကိုင်ထားသောဆေးမှုန့်ထုပ်အား ဖြန့်ကျဲချကာ ကြမ်းပြင်မှအဝါရောင်မြေကြီးတို့နှင့် ရောနှောစေလိုက်သည်။

ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် ၎င်းဆေးမှုန့်တို့အပေါ်၌ ပေါ့ပေါ့ပါးပါးလေး ရပ်နေလေသည်။

[Host ဘာလို့ဆေးမှုန့်တွေကို ဖြူးပစ်လိုက်ရတာလဲ ဒီလိုသာဆို သူတို့တွေက ဖြေဆေးဘယ်ပေးတော့မှာလဲ ပြီးတော့ Hostလဲ အဆိပ်တွေလှိုက်စားခံရပြီး သေရတော့မှာပေါ့]

ရှောင်မီဟူ၏လေသံထဲ၌ စိုးရိမ်စိတ်ငွေ့ငွေ့လေး ပါဝင်နေသည်။

"ဘာပဲဖြစ်ဖြစ် ငါကလဲထွက်သွားချင်နေတာမို့ အဆိပ်ကြောင့်သေရလဲ ကိစ္စမရှိပါဘူး ငါလိုချင်နေတဲ့အရာပဲမဟုတ်လား"

ပိုင်ယွီသည် အိပ်ရာထက်၌လှဲကာ လက်၂ဖက်ပေါ် ခေါင်းတင်အုံးထားပြီး သူ၏မျက်နှာထက်၌
လဲ အပြုံးတစ်ပွင့် ဖြစ်တည်နေခဲ့သည်။

သို့သော် လက်ရှိတွင်သူသည် အဆိပ်သောက်လိုက်ရသဖြင့် တစ်ကိုယ်လုံးမှ ချီဓာတ်နှင့်သွေးတို့က ဗြောင်းဆန်နေပြီး ကိုယ်တွင်းကလီစာတို့က ဆွဲစုတ်ခံနေရသလို နာကျင်လာရသည်။

သူ၏ရင်ဘတ်အား လက်ဖြင့်ဖိထားရပြီး သူ၏ဦးခေါင်းမှ ချွေးများစွာစီးကျနေလေသည်။

သို့ပါသော်လဲ ထိုအချိန်၌ အချိန်အခါမသင့်စွာပင် ကျောနောက်ဘက်ဆီမှ လန်ယွမ်၏အသံက ထွက်ပေါ်လာခဲ့သည်။

"ဆရာတူအစ်ကို ဒီနေ့ အစားအသောက်တွေ သိပ်မစားဘူးလို့ သူတို့တွေပြောနေကြတယ်"

လန်ယွမ်သည် လက်ထဲ၌ ယာဂုတစ်ပန်းကန်ကိုင်ကာ ပိုင်ယွီ့အနားသို့ လျှောက်လာခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now