ပိုင်ယွီသည် လန်ယွမ်အားမကြည့်တော့ဘဲ မျက်နှာလွှဲကာ စိတ်မပျော်မရွှင်ပိုဖြစ်လာသည်။

"မင်းနမ်းချင်တယ်ဆိုရင် ဟိုလူကိုသွားနမ်းပါလား ဘာလို့ငါ့ကိုနမ်းချင်နေတာလဲ"

စိတ်ထဲ၌ မှားယွင်းနေသည်ဟု ခံစားရပါသော်လဲ ထိုစကားပြောနေချိန်၌ သူ၏မျက်လုံးများကပင် နီရဲနေခဲ့သည်။

ငြင်းဆိုသောစကားတစ်ခွန်း ဖြစ်နေသည်က ထင်ရှားပါသော်လဲ လန်ယွမ်အား အံ့အားသင့်သွားစေသည့် စကားတစ်ခွန်းလဲ ဖြစ်နေခဲ့သည်။

ကိုယ်တိုင်ပင် မတွေးရဲခဲ့သော ခန့်မှန်းချက်တစ်ခုလဲ ရှိနေခဲ့သည်။

ပိုင်ယွီသည် မည်မျှသွေးအေးရက်စက်ပါကြောင်း သူ့ရင်ထဲအသည်းထဲကပင် သေချာသိသည်။

သို့သော် သူ၏အတွေးလမ်းကြောင်းကို မရပ်တန့်နိုင်ပေ။

ဖြစ်နိုင်သည်က ယခုကဲ့သို့ သူ့အားမျက်နှာသာမပေးသည့် ဆရာတူအစ်ကိုက ထွက်သွားချင်နေခဲ့ခြင်းမှာ ထိုမြင်ကွင်းကြောင့် သဝန်တိုသွား၍ပါလော။

နှလုံးသားက ပြင်းစွာခုန်ပေါက်နေခဲ့သည်။

သူ၏အတွေးများက ကျိုးကြောင်းဆီလျော်မှုလုံးဝမရှိသည်ကိုလဲ ရှင်းရှင်းလင်းလင်းသိပါသည်။

ဖြစ်နိုင်ချေက လုံးဝမရှိပါပေ။ သို့သော် ထိုသို့တွေးနေမိခြင်းကို လန်ယွမ်မရပ်တန့်နိုင်ပေ။

အကယ်၍...အကယ်၍များ အမှန်တကယ်သာ ဖြစ်နေခဲ့မည်ဆိုလျှင်....

"ဆရာတူအစ်ကို ခင်ဗျား ကျွန်တော့်ကို သဘောကျတယ်မဟုတ်လား"

လန်ယွမ်သည် ပိုင်ယွီ၏လက်ကိုဆွဲယူကာ သူ၏နှုတ်ခမ်းနားတိုးကပ်၍ အသာနမ်းလိုက်သည်။

သူ၏မျက်လုံးထဲ၌ ဖော်ပြ၍ပင်မစွမ်းနိုင်သော နူးညံ့မှုတို့က အပြည့်အဝနေရာယူထားသည်။

သူပြောနေသည့်စကားများက အဓိပ္ပါယ်မဲ့ပြီး ရယ်ချင်စရာကောင်းသည်ကိုလဲ ရှင်းလင်းစွာသိနားလည်ထားပါသည်။

သို့သော်...

လန်ယွမ် သည်းမခံထားနိုင်ဘဲ ပိုင်ယွီအား တဖွဖွပြောနေမိသည်။

သူစိတ်ကူးနေမိသည့်အတိုင်း ပိုင်ယွီက အမှန်တကယ်သဝန်တိုနေခြင်းဟုတ်မဟုတ်ကိုလဲ အတည်ပြုချင်နေမိသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Wo Geschichten leben. Entdecke jetzt