"ဆရာတူအစ်ကို"

လန်ယွမ်သည် ပိုင်ယွီ၏မျက်နှာအား သူ၏လက်ချောင်းများနှင့် ထပ်ခါတလဲလဲပွတ်သပ်ပေးနေသည်။

မိစ္ဆာဂိုဏ်းတစ်ခုလုံးက ပိုင်ယွီအားသတ်ပစ်ရန် တညီတညွှတ်ထဲတောင်းဆိုနေပြီး နောက်ထပ်ရန်ငြိုးများမဖြစ်လာစေရန်အတွက် ရှင်းလင်းခိုင်းနေကြသည်။ ပိုင်ယွီအား သူ့အနားတွင်မရှိစေချင်ကြပေ။

ဆရာတူအစ်ကိုကလဲ သူ့ကိုငြင်းပယ်နေသည်။

၂ဦးသားမှာ တူညီနေသယောင်ထင်ရသော်လဲ တစ်ဦးမှာ သူတော်ဂိုဏ်းမှဖြစ်၍ ကျန်တစ်ယောက်မှာ မိစ္ဆာဘက်မှဖြစ်သောကြောင့် တရားနည်းလမ်းအရဆိုပါက ရန်သူများသာဖြစ်ကြသည်။

သို့သော် သူကမူ ဆရာတူအစ်ကိုနှင့် နီးစပ်ချင်ပါသည်။

ဆရာတစ်ဦးထဲ၏လက်အောက်၌ ၂ယောက်အတူတူပညာသင်ယူခဲ့စဉ်ကအချိန်ကာလများဆီ ပြန်သွားချင်ပါသည်။

စဉ်းစားနေရင်းမှ လန်ယွမ်သည် ပိုင်ယွီ၏ကိုယ်ပေါ်မှီကာ နှုတ်ခမ်းအစုံအား နမ်းရှိုက်နေခဲ့သည်။ ထိုနှုတ်ခမ်းပါး၌ သွေးရနံ့အနည်းငယ်ရနေသည်။

ထိုသည့်တိုင် ပိုင်ယွီ၏နှုတ်ခမ်းပါးလေးက အလွန်အမင်းချိုမြိန်နေသည်ဟု ခံစားနေရဆဲပင်။

သူ့စိတ်ထဲ၌မူ ပိုင်ယွီအား လွန်စွာမုန်းတီးပါသည်။

လွန်ခဲ့သော၅နှစ်ကမူ ပိုင်ယွီ၏အကြောင်းများတွေးလိုက်ရုံနဲ့တင် တစ်စစီဖြစ်အောင် နင်းချေပစ်ချင်သည်။

သူ့ရင်ဝအား ဓားနှင့်ထိုးခဲ့သလိုမျိုး ပိုင်ယွီ၏ရင်ဝကိုလဲ ပြန်ထိုးချင်မိသည်။

သို့သော်လဲ ပိုင်ယွီအားဖမ်းဆီးရမိပြီးနောက်၌ သူ့ထံတွင် သတ်ပစ်နိုင်မည့်အခွင့်အရေးများစွာရှိနေခဲ့သော်ငြား တစ်ကြိမ်တစ်ခါမှအကောင်အထည်မဖော်ဖြစ်ခဲ့ပေ။

ယခုကဲ့သို့ သွေးများအန်ချလိုက်သည်ကို တွေ့မြင်ရချိန်တွင်လဲ သူ့နှလုံးသားမှာ ထင်ထားသည်ထက်ပို၍ ခုန်ပေါက်နေခဲ့သည်။

"ဆရာတူအစ်ကို..."

လန်ယွမ် လျှာကိုထုတ်၍ ပိုင်ယွီ၏နှုတ်ခမ်းအား ဖြေးညှင်းစွာလျက်လိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now