"ဆရာတူအစ်ကို ကျွန်တော် ခင်ဗျားကို သဘောကျတယ်"

သွားများကိုစေ့၍ ထိုစကားများအား ပိုင်ယွီ၏နားထဲ တီးတိုးပြောလိုက်သည်။ သူ၏ပါးစပ်မှ ထိုစကားလုံးများထွက်လာသော်လဲ မျက်လုံးများထဲ၌ အေးစက်မှုတို့သာရှိသည်။

နွေးထွေးသောထွက်လေနှင့် စကားလုံးလှလှလေးများက ပိုင်ယွီ၏နားတိုးဝင်လာခဲ့သည်။

ယခုအခါတွင်မူ လန်ယွမ်၏အချစ်စကားများထဲ၌ ချစ်ခင်ခြင်းများ မပါဝင်တော့ပါချေ။

မုဆိုးများဆင်ထားသော ထောင်ချောက်များနှယ် ပမာတူပြီး သူအလိုရှိသည်က ပိုင်ယွီ၏နှလုံးသားပင်။

သို့သော် ထိုစကားလုံးများထွက်လာချိန်တွင် ပိုင်ယွီသာမက လန်ယွမ်ကိုယ်တိုင်သည်လဲ ဝေဝါးနေခဲ့သည်။

ထွက်ပေါက်တစ်ခုအား တွေ့သွားပါသည့်နှယ် ပြင်းထန်သောလှုပ်ရှားမှုများနှင့်အတူ လန်ယွမ်၏ပါးစပ်မှ ထိုသို့သောစကားများသာ ဆက်တိုက်ထွက်လာခဲ့သည်။

သို့သော် ထိုစကားများပြောနေချိန်၌ သူ၏လေသံထဲတွင် နာကျင်မှုများ ပါဝင်နေရခြင်းကို ကိုယ်တိုင်ပင်သတိမထားမိပါချေ။

"ဆရာတူအစ်ကို အဲ့အချိန်က ခင်ဗျားကိုယ်တိုင် ကျွန်တော့်ကိုနှင်ထုတ်ရတဲ့အကြောင်းကို လုံးဝနားမလည်နိုင်ဘူး ဒါပေမဲ့ ဒီလောက်နှစ်တွေလတွေကြာလာတာတောင် ခင်ဗျားကိုသတိရနေခဲ့တာ ဘာပဲဖြစ်ဖြစ် ခင်ဗျားကိုတော့ တွေ့ချင်ခဲ့တာ"

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁ လက်ရှိနှစ်သက်မှု -၆၉%]

ပိုင်ယွီ အနည်းငယ်စိတ်ဓာတ်ကျသွားသည်။

လန်ယွမ်သည် စကားလုံးလှလှလေးများဆိုနေသည့်တိုင် နှစ်သက်မှုက အနည်းငယ်သာတပ်လာသည်။

တိုးလာသည့်အမှတ်ကလဲ ခန္ဓာကိုယ်ချင်းနှီးနှောနေ၍သာဖြစ်သည်။

' ဘာကိုငါ့ကိုသဘောကျပြီး ဘာကိုမမေ့နိုင်တာလဲ အကုန်အလိမ်အညာတွေ'

ထိုသူပြောနေသည်က အလိမ်အညာများသာဖြစ်ကြောင်း သိပါသော်လဲ ပိုင်ယွီ အနည်းငယ်မျှစိတ်လှုပ်ရှားမိသည်။ သူ့ရှေ့မှလူသည် သူအချစ်ရဆုံးသောလူဖြစ်နေ၍လဲ ဖြစ်ပါလိမ့်မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now