အမိုက်စားအစ်ကိုတစ်ယောက်ရဲ့ညီမက အလန်းစားလေးဖြစ်နေတာက မဆန်း။ ဆန်းနေတာသူသာပင်။
ကိုယ့်အရှေ့က လူသားနဂါးပေါက်လေးက ရုက္ခဆိုးလား ၊နတ်သမီးလားတောင် သဲသဲကွဲကွဲ မကြည့်တတ်သည့်သူ့အဖြစ်။

"ငါ့ညီမက အချောလေးပဲ"

နေနိုင်တစ်ယောက် သူ့ကိုပြုံးပြရင်း အဓိပ္ပါယ်တစ်မျိုးပျော်ဝင်နေသည့်အကြည့်နှင့်ဆိုလေပေမဲ့ သူမသိသလိုပင်နေသည်။ နေမီးရှေ့မှာတောင်ဒီကောင်တွေ အာချောင်ချင်နေသေးသည်။

သူတို့ဝိုင်းထဲတွင်ဆောင်းမိုးခါးပါ ရောက်လာတော့ မိုးခါးသည်....

"လှနေပါလား ကိုကိုစုတ်"

မိုးခါးသည် ကိုကို့ကို လူတွေကနေသည့်ဘက်ကို ခေါ်သွားတော့ မင်းယမှာ လူကတစ်ချက်တစ်ချက် သူမတို့ ကနေသည့်ဘက်ကို ထိုင်ကြည့်ရသည်က သောက်နေရသည့်ဖီလ်းတွေပါ ပျောက်ကုန်သည်။
ကြည့်ရတာ ကိုကိုနဲ့မိုးခါးတို့ ဆက်ဆံရေးဟာ ပြေလည်သွားပြီထင်ပါရဲ့။

"မျက်လုံးကြီးလဲ ကျွတ်ကျကုန်အုံးမယ် "

"မနေနိုင်ရင် နောက်ကနေသွားလိုက်ကလေ... ဘာထိုင်လုပ်နေလဲ"

"ကိုကိုလေး ကတတ်သားပဲ မထင်ရဘူး"

တစ်ယောက်တစ်ပေါက်ပြောနေတာက သူနဲ့သူမအကြောင်းဖြစ်နေတာကို ဂရုမစိုက်ဘဲ သူမရှိရာကိုသူသွားလိုက်၏။

"နေမီး...မင်းယ...ပြောင်းလဲသွားတယ်လို့ မင်းမထင်ဘူးလား.....မင်းညီမကို တော်တော်ချစ်တဲ့ပုံပဲ"

"သူပြောင်းလဲသွားလာတော့ ငါမသိဘူး ငါ့ညီမသူ့ကို စိတ်မကုန်ခင်အထိတော့ ငါစောင့်ကြည့်ရအုံးမှာပေါ့"

"ငါ ကိုကိုလေး ဒဏ်ရာရသွားလို့ ဆေးသွားထည့်တုန်းက မင်းယ တော်တော်လေးကို ပြာယာခက်နေတာ ၊ငါ့ကိုလိုက်ပို့တော့ သူ့ကြောင့်ဖြစ်တာဆိုပြီး လက်တီးနဲ့နံရံကို ထိုးဖို့လုပ်နေတာ မနည်တားလိုက်ရတာ ၊ငါတောင်အံဩတယ်...‌ဒီကောင် တစ်ဇွတ်ထိုးလုပ်တတ်တာ သိပေမယ့် ဒီလောက်ထိ သူ့ကိုယ်ကို ထိခိုက်အောင်တော့ လုပ်မယ်လို့ ငါမထင်ခဲ့ဘူး"

"ချစ်တတ်သွားလို့ ဖြစ်နေတာ အသိသာကြီး အခုလဲကြည့် အစ်ကိုတစ်ယောက်လုံးပါနေတာတောင် သူတစ်ယောက်ပဲ ဖင်မငြိမ်ခေါင်းမငြိမ်နဲ့ လူအုပ်ထဲကနေ ဆွဲထုတ်လာပြန်ပြီ ......

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now