ပိုင်ယွီ သူ၏မျက်လုံးများကို ဖြေးညှင်းစွာဖွင့်ကြည့်လိုက်သောအခါ ရှုပ်ပွနေသည့်သူ၏ဆံပင်များက မျက်လုံးအစုံကို အုပ်ထားသည်။

သူသည် အကျဉ်းထောင်ထဲ၌ ရောက်နေပုံပင်။

အလွန်အမင်းချောမောလှသောယောကျာ်းတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ကိုဖက်ထားပြီး ဤသို့ကိစ္စမျိုးကို လုပ်နေလေသည်။

ပိုင်ယွီ၏မျက်နှာထက်၌ အလွန်အမင်းနာကျင်နေသောအမူအရာကို မြင်တွေ့ရစေရန်အတွက် တမင်တကာ အားထည့်နေပုံပင်။

"အား..."

ခါးထံမှ ပြင်းစွာသောနာကျင်မှုကို ပိုင်ယွီခံစားလိုက်ရသည်။

သူ့ရှေ့မှလူသည် ပါးစပ်ကိုအနည်းငယ်ဟထားပြီး မျက်လုံးများက စတင်နက်မှောင်လာသည်။

ထိုသူသည် ပိုင်ယွီအား တစ်စစီဆွဲဖြဲချင်နေသလိုမျိုး ဒေါသတကြီးနှင့်ကြည့်နေသည်။ ခန္ဓာကိုယ်စည်းချက်က ပို၍ပြင်းထန်လာသည်။ ပိုင်ယွီ၏နားထဲ၌ ထိုသူ၏န္တရာယ်ရှိသောအသံက အက်ရှရှနှင့် တိုးဝင်လာသည်။

"ဘယ်လိုနေလဲ ဒီလိုမျိုးဆက်ဆံခံရတော့ သဘောကျရဲ့လား ငါ့ရဲ့ကောင်းမွန်လှပါသော ဆရာတူအစ်ကိုရေ"

ထိုသို့သောစကားများပြောနေရင်းမှ တစ်ဖက်လူသည် ပိုင်ယွီ၏မေးစေ့အား အတင်းဖိညှစ်နေသည်။

လူ၂ဦးကြားမှ အရင်းနှီးဆုံးအရာကို လုပ်နေသည်ကထင်ရှားသော်လဲ ထိုသူ၏မျက်လုံးထဲ၌ အဆုံးအစွန်ထိရောက်နေသောမုန်းတီးမှုများကို မြင်နေရသည်။

အက်ရှနေသောအသံက ပိုင်ယွီ၏နားထဲဝင်လာခဲ့သည်။

"ဆရာတူအစ်ကို အရင်ကဘာတွေပြောခဲ့လဲဆိုတာ မှတ်မိသေးရဲ့လား ကျွန်တော့်ကိုသတ်ချင်တယ်လို့ ပြောခဲ့တာလေ အခု ကျွန်တော်ခင်ဗျားရှေ့ကိုရောက်နေပြီ ဒါပေမဲ့ ခင်ဗျားက ဘာမှမလုပ်နိုင်ဘူး"

ထိုအမျိုးသားသည် အေးတိအေးစက်ပြုံးပြပြီးနောက် ခန္ဓာကိုယ်၏အလယ်ဗဟိုမှအင်အားကို တိုးမြှင့်လိုက်ပြန်သည်။

"အား...."

ပြင်းစွာသောနာကျင်မှုတို့ကြောင့် ပိုင်ယွီသည်းမခံနိုင်တော့ဘဲ အော်ဟစ်မိသွားသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now