[လာမဲ့ကမ္ဘာသစ်မှာ Hostက ကိုယ်ခံပညာဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပါ]

"သောက်ရမ်းမိုက်တယ်"

'အရမ်းကောင်းတာပဲ မဟုတ်လား ကြွက်သားတွေဘာတွေတောင် တကယ်ကြီးရှိနေမှာ'

ပိုင်ယွီသည် ငိုချင်လာသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။

[Host အဆင်သင့်ဖြစ်ပြီဆို နောက်ကမ္ဘာအသစ်ဆီ ပို့ဆောင်ပေးပါမယ်]

"ကောင်းပြီ"

ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သူနောက်ထပ် မစောင့်ဆိုင်းနိုင်တော့ပေ။

သို့ပါသော်ငြား ကမ္ဘာအသစ်သို့ ရောက်ရောက်ခြင်းမှာတင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ အသည်းခိုက်လုမတတ် နာကျင်နေရသောခံစားမှုမျိုးကို ကြုံတွေ့လိုက်ရသည်။

"အား.."

ရုတ်တရက် ပိုင်ယွီထအော်လိုက်သည်။ ဤခန္ဓာကိုယ်ထဲ ရောက်ရောက်လာခြင်းမှာတင် ဆုတ်ဖြဲနေသလိုနာကျင်ရလွန်းသဖြင့် မေ့လဲလုလုပင်။

သောက်ကျိုးနည်းလိုမှပဲ ဒါကဘာလဲဟ။

သူက ကိုယ်ခံပညာမဟာမိတ်ဂိုဏ်းခေါင်းဆောင်မဟုတ်ဘူးလား။

သို့သော် မတ်တပ်ရပ်နေရင်းနဲ့ပင် တစ်စုံတစ်ယောက်ရဲ့လက်ထဲ အချုပ်ခံထားရပြီး ရောက်ရောက်လာချင်းမှာတင် ယခုကဲ့သို့ အတင်းအကြပ် ဖိအားပေးခံနေရသည်။

ပြီးခဲ့သောကမ္ဘာနှင့်ယှဉ်လျှင် သူ၏ခန္ဓာကိုယ်က အလွန်အမင်းဖွံ့ဖြိုးလာသော်လဲ ဤကမ္ဘာတွင်မူ ကလေးတစ်ယောက်သာသာ ဖြစ်နေဆဲပင်။

တစ်ဖက်လူသည် နှစ်သက်မြတ်နိုးခြင်းအလျဉ်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိနှင့် စော်ကားနေသလိုပင်။

နာကျင်မှုကြောင့် ပိုင်ယွီ၏မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးမှ ချွေးသီးချွေးပေါက်များပါ ကျနေလေသည်။

"နာတယ်..."

နာကျင်လွန်းသဖြင့် အော်ဟစ်မိသွားသည်။

ပိုင်ယွီသည် သူ၏လက်ချောင်းများကို တင်းတင်းဆုပ်ထားသော်လဲ မလှုပ်ရှားနိုင်ပေ။ သူ၏လက်များကို သံကွင်းများနှင့်တွဲ၍ နံရံတွင်တုပ်နှောင်ထားပြီး ခြေထောက်များကိုလဲ ကြီးမားခိုင်မာသောသံကြိုးရှည်နှင့် ချည်နှောင်ထားသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now