Episode 62 (Unicode)

Start from the beginning
                                    

"ဒီနေ့မဟုတ်လား..ငါတစ်ပတ်စောင့်ပေးပါလို့ ပြောထားခဲ့တယ်လေ..အဲ့ဒါ ဒီနေ့ပဲ မဟုတ်လား.."

"ဟင်..တိမ်စိုင်..နင်အတည်ပြောနေတာလား.."

လေပြည့်အသံက အိပ်ချင်မူးတူးအသံမဟုတ်တော့ဘဲ တစ်ခုခုကို အံ့သြသယောင် ၊ စိုးရိမ်သယောင် ဖြစ်နေလေသည် ။

"ရှေ့တစ်ပတ်က ငါတို့တွေ့ခဲ့တဲ့ ဆိုင်မှာ ငါစောင့်နေမယ်.."

"အေး.. ဒါနဲ့ - "

တီ..

စကားတွေ ရှည်ရှည်ဝေးဝေး ဆက်မပြောချင်တော့သဖြင့် လေပြည့်ဘက်က စကားဆက်မလို့လုပ်နေသည့်အချိန်မှာ ပင် ဖုန်းချပစ်လိုက်သည် ။ ထို့နောက် YBS ကားပေါ်သို့ တက်လိုက်သွားခဲ့ပြီး ရှေ့တစ်ပတ်က တွေ့ခဲ့ကြသည့် ကော်ဖီဆိုင်ဆီီသို့ လာခဲ့လိုက်ကြသည် ။

_____

"တိမ်စိုင်..နင် သူ့ကို တကယ်လမ်းခွဲခဲ့တာလား.."

ဆိုင်ထဲသို့ ရောက်ပြီး ထိုင်ထိုင်ချင်းမှာပင် ခေတ်လေပြည်သွေးတစ်ယောက် စကားပလ္လင်မခံတော့ဘဲ ဒဲ့သာ မေးချလိုက်လေသည် ။

"ဒီကိစ္စက နောက်စရာကိစ္စမှ မဟုတ်တာ.."

မျက်နှာထားက ခံစားချက်တို့ ရှိမနေဘဲ အသက်မဲ့စွာဖြင့် ပြောလိုက်လေသည် ။ ထို့ကြောင့် လေပြည့်အတွက်လည်း စိတ်မသန့်ဖြစ်ရလေသည် ။

"အဲ့လိုတော့လည်း မဟုတ်ပါဘူး..ဒါပေမဲ့..ငါက ငါ့ခံသားချက်ကို ပြောပြပြီး ငါ့ဆန္ဒကို ပြောခဲ့တာပါ..အခုလိုကြီး ရုတ်တရက် လုပ်လိမ့်မယ်လို့..ငါမထင်ထားမိဘူး တိမ်စိုင်.."

"အင်း..အချိန်လည်းသိပ်မရတော့..ခပ်မြန်မြန်ပဲ အပြတ်ဖြတ်လိုက်တာလေ..အချိန်က တစ်ပတ်ပဲ ရတာမဟုတ်လား.."

"အဲ့..အဲ့လိုလည်း မဟုတ်ပါဘူး..ငါဆိုလိုချင်တာက- "

"စိတ်ချပါ..ငါ့မှာ သူနဲ့ပတ်သတ်ပြီးတော့ ဘာမှမခံစားရပါဘူး.. ငါလက်ထပ်ရမယ့်သူက နင်ပဲ မဟုတ်လား..ငါ့ဘဝတစ်ခုလုံး နင့်ကို ပုံအပ်မှာပါ..စိတ်မပူပါနဲ့..ငါခင်ပွန်းကောင်းတစ်ယောက် ပီသအောင် နေပေးပါ့မယ်..ငါ့မှာ နင့်ကျေးဇူးကြွေးတွေလည်း အများကြီးပဲ မဟုတ်လား..ပြီးတော့..နင့်အခြေအနေက ပိုဆိုးလာပြီဆို..ငါတို့..မြန်သင့်သလောက်..မြန်မြန်လေး လက်ထပ်ကြတာပေါ့.."

Hello! My CrushWhere stories live. Discover now