စိတ်ထဲကနေတင်းခံထားသည့် ခံနိုင်ရည်တို့ကုန်ဆုံးသွားပြီထင်။ ကိုကို့နှုတ်ကနေ မထင်မှတ်ဘဲသူ့နာမည်‌ကို ခေါ်လိုက်မိတဲ့ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲဖြစ်သွားသည်။

သူ့ကားကို လမ်းလယ်ခေါင်မှာပင်ရပ်လိုက်သောကြောင့် တင်းမာနေသည့်အခြေအနေတစ်ခုကို ကိုကို ဖန်တီးလိုက်မိပြီဆိုတာကို သိလိုက်၏။

"မင်း...ကို့ကို ဘယ်လိုခေါ်တာ"

"ဘာလို့လဲ..."

"မင်း ဘာဖြစ်နေတာလဲ ကိုကို"

"ဘာဖြစ်ရမှာလဲ လူတိုင်းလဲ ဒီလိုခေါ်နေကြပဲမလား၊ဘာဖြစ်ရမှာလဲ"

ကိုကို့အသံတို့အဆုံးသတ်မှာ တိုးလျပြီးတုန်ခါသွားသည်ကို ကိုကိုပဲသိသည်။

ကြိတ်၍စိတ်တိုနေသော်လည်း သူ့ဆီကဖြေရှင်းချက်တွေ၊ သူ့ဆီကပွင့်လင်းမှုတွေ လိုချင်တာဟာ လောဘကြီးသွားလား။

"မင်း ငါ့ကို ဘယ်လိုခေါ်လဲဆိုတာ ငါသိပြီးသား၊ပြော....အဲတော့ အခုမင်းဘာဖြစ်နေတာလဲ"

အပ်ကြောင်းထပ်နေတဲ့ ဘာဖြစ်နေတာလဲဆိုတာကြီးဘဲ မေးနေတယ်။ ဒီရင်ဘက်က ခံစားချက်ကိုတော့ သူဘယ်တော့မှ ဖွင့်မကြည့်ဘဲ....။

"ဘာမှမဖြစ်ဘူးလေ...သွားရအောင် "

သူ့မေးရိုးတို့ တင်းကားသွားသည်ကို မြင်တော့ သူဒေါသထွက်နေပြီဆိုတာ သိသည်။ သူ့လက်ကသွေးကြောတို့ပါထောင်လာပြီး အသက်ရှူသံပြင်းပြင်းကိုကြားလိုက်တော့ ကိုကိုတစ်ဖက်ကိုမျက်နှာလွှဲလိုက်ရင်း သွားနေသည့်ကားထဲကနှစ်ယောက်သားကြားတွင် တိတ်ဆိတ်သွားသည်။

သူ့ဆီက တစ်ခုခုတော့ကြားချင်သေးသည်။ သို့သော် ကိုကိုတို့သည် မေမေတို့အိမ်ကိုရောက်သည့်အထိ သူ့ဆီက ဘာစကားကိုမှမကြားရသလို နှုတ်လည်းမဆက်ဖြစ်လိုက်ကြပါ။

နေ့လယ်လောက်မှ ကိုကိုတို့ရောက်လာကြသည်။ ကိုကြီးကတော့ အရင်ရောက်နှင့်နေတာပေါ့။

"သားမင်းယရော သမီး"

ဒီအိမ်မှာ ကိုကိုထက်သူ့ကို ပိုချစ်တယ်လို့တောင် စိတ်တိုတိုနဲ့တွေးပစ်ပေမဲ့ အပြင်မှာတော့မထုတ်ပြောရဲ။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now