အချစ်လွန် သို့" အချစ်ကျွန် Room 16

Start from the beginning
                                    

မောင်...."""

ကျနော့်ရဲ့ မျက်နှာချင်းဆိုင်ကခုံပေါ်မှာ
မောင့်ဖေဖေက ထိုင်နေပြီး
မောင်က ကျနော့်ကိုကျောပေးပြီး
ဒူးထောက်လျှက်သား
ကျနော်က မျက်နှာကျက်ကနေ
တွဲလောင်းအချည်ခံရပြီးသား..

မောင့်ဖေဖေလက်ထဲမှာက
ခါးပတ်တစ်ခု...
><><><><><><><<

အခန်းကျယ်တစ်ခုရဲ့ အလယ်မှာ
ဒူးထောက်နေတဲ့ လူတစ်ယောက်ရဲ့
မျက်နှာက နာကျည်းချက်တွေထက်ပိုတဲ့
စိုးရိမ်စိတ်အပြည့်နဲ့အတူ
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ
အသက်ရှူ့သံတွေကလည်း
ကျယ်လောင်လို့နေပါတယ်

ဖျောင်း.."
အ.
ဖြေလေ ဇေဝါမောင်"

ပိုင့်ကို ဘာမှ မလုပ်ပါနဲ့ "
ဖျောင်း...

သားတာင်းပန်ပါတယ်"

သားလို့ မသုံးစမ်းနဲ့ ဇေဝါမောင်
မိဘတွေအတွက် အရှုံးတွေချည်းပေးတဲ့
လူတစ်ယောက်ကို သွေးအဖြစ်
မသတ်မှတ်နိုင်ဘူးကွ

ကြမ်းပြင်ပေါ် ကျတဲ့ မျက်ရည်စက်ကအစ
မောင့်ကိုလှောင်ပြောင်သလိုပါဘဲ

"ဖျောင်း...
ငါ့ကိုကြိုက်သလိုလုပ်ပါ
သတ်ပစ်လိုက်လည်းရတယ်
ငါချစ်တဲ့ လူအပေါ်ကိုတော့ ဘာမှမလုပ်ပါနဲ့"

"ဘာကွ
ငါ ဟုတ်လား"
ပြောရင်း မောင့်ဆံပင်ကိုဆွဲလှန်ချလိုက်တဲ့
အရင်းနှီးဆုံးမျက်နှာက
သိပ်ကြောက်ဖို့ကောင်းပါတယ်

"ငါ့ကို သားလို့ပြောဖို့ ဖေဖေမှ ခွင့်မပြုတာလေ"

"မင်းကြောင့်ငါ့သမီးလေးဘဝ ဆုံးရှုံးရသလို
မင်းသိပ်ချစ်တဲ့သူ ဆုံးရှုံးရတဲ့
ခံစားချက်ဘယ်လို​ဖြစ်မလဲ
သိစေချင်တာကွ"

"ဖေဖေ...
မမကိုသိပ်ချစ်တာဘဲလားဟင်"

တိုးလျစွာပေါ်လာတဲ့ မောင့်အသံဟာ
နာကျင်ခြင်းအပြည့်

"မမက ကျနော့်ကြောင့် သေခဲ့ရတာပါ
ကျနော့်ကို သတ်ပါ
ပိုင့်ကိုတော့ ဘာမှမလုပ်ပါနဲ့
ကျနော့်အပြစ်ပါ"

"မင်းအပေါ်အများကြီးမူတည်တယ် ဇေဝါမောင်"

"ဖေဖေ ပိုင့်ကို ဘာမှ မလုပ်ပါနဲ့
ကျနော့်အမှားကြောင့်ဖြစ်တာမို့
ကျနော်သေ​ပေးပါရစေ
ပိုင့်ကို ပိုင့်ကို လွှတ်ပေးပါနော် ဖေဖေ"

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now