Part 38

4K 204 0
                                    

Uni

"ကလေးလေး နေရတာအဆင်ပြေရဲ့လား"

အစည်းအဝေးလုပ်နေစဥ်ချစ်ရသူဆီမှဖုန်း၀င်လာသည်မို့တင်ပြချက်ပြောပြနေသူအားခဏနားဖို့လက်ထောင်ပြကာဖုန်းကိုင်လိုက်သည်...။

ဘာသံမှထွက်မလာပဲအသက်ရှုသံသေးသေးလေးသာကြားနေရသည်မို့ ဂုဏ့်ရင်ထဲနင့်ကနဲ...။

လေးလေးမျိုးသည်ဒီနေ့မနက်အစောကတည်းကဂုဏ်ကျက်သရေလုပ်ငန်းစုဆေးထုတ်လုပ်ရေးစက်ရုံများတည်ရှိရာJနိုင်ငံသို့ပြန်သွားပြီမို့ချစ်ရသူကိုသွားတွေ့ဖို့အထွက်အိမ်အပြင်ပတ်လည်မှာရောကုမ္ပဏီတ၀ိုက်မှာပါစိမ်းသက်သောလူတစ်စုကကားတစ်စီးဖြင့်အမြဲလိုက်ကာစောင့်ကြည့်နေသည်ကိုသတိထားမိတာကြောင့်အံကြိတ်တောက်ခေါက်ကာငြိမ်နေရသည်...။

လေးလေးမျိုးကသံသယ၀င်ရင်ပြေပျောက်ဖို့မလွယ်တက်သလိုစိတ်အေးရမည့်အခြေအနေမရောက်မချင်းခပ်ပေါ့ပေါ့မနေတက်ပေ...။ဒါကြောင့်စောင့်ကြည့်မည့်သူမထားခဲ့ရင်သာထူးဆန်းနေမည်ပင်...။

"အသော့်Alphaကြီး.."

"ဗျာ ဂုဏ့်omegaလေး ပြောဗျာ.."

ခပ်အီအီခေါ်သံလေးကြောင့်ဂုဏ့်ခြေလှမ်းတို့ကကားသော့ရှိရာဆီဦးတည်နေပြီ...။

''မလာခဲ့ပါနဲ့...အသော်ဒီအတိုင်းလွမ်းလို့ ...အသော့်Alphaကြီးကိုလွမ်းနေလို့..''

''ဒယ်ဒီရေ..ဒယ်ဒီ''

ချစ်ရသူအသက်ရှုသံအားမက်မက်မောမောနားထောင်နေစဥ်စူးကနဲထွက်ပေါ်လာသည့်သားငယ်အသံကြောင့်နားအူသွားရ၏။

"ဖောင်းလည်းလွမ်းဒယ်...နော်..."

ထို့နောက်သုံးယောက်သားဘယ်သူကပိုလွမ်းကြောင်းအလုအယက်ဖြင့်တစာစာပြောနေသည့်အသံတို့ကြောင့်စိတ်ညစ်သမျှအဝေးသို့ပင်လွင့်စင်ကုန်လေ၏။

နာရီ၀က်မျှဖုန်းပြောပြီးနောက်အနားယူဖို့ပြောကာဖုန်းချလိုက်ရ၏။
.....
အေလီယန်ဆီမှဖုန်းrecordအားနောက်နှစ်ရက်ခန့်မှရမည်မို့အရင်ဆုံးအသော့်မှတ်ဉာဏ်အားကုသရန်အတွက်နိုင်ငံပေါင်းစုံမှဆရာ၀န်တို့ဖြင့်တိုင်ပင်ဆွေးနွေးနေရ၏။

အသျှင်ဆွတ်ခူးအံ့သော် (Completed)Where stories live. Discover now