Part 26

3.1K 203 8
                                    

Uni

"ဘာဖြစ်လို့လဲ ဦးသာ"

သားတို့အတွက်မနက်စာလုပ်ပေးဖို့မီးဖိုခန်းဆီထွက်အလာဧည့်ခန်းထဲကဆက်တီပေါ်၌စိတ်ပျက်လက်ပျက်ဟန်ဖြင့်ရော့တိရော့ရဲထိုင်နေသူအားအသော်မေးရင်းမျက်နှာချင်းဆိုင်မှဆက်တီခုံပေါ်၀င်ထိုင်လိုက်သည်..။

အသော့်မေးသံကြောင့်မှိတ်ထားသည့်မျက်လုံးအားဖွင့်ကြည့်လာပြီးဘာမှမဖြစ်လေဟန်ဖြင့်ပြုံးပြလာသည်...။

"ကိုယ်ပင်ပန်းနေလို့ပါအသော်...သားတို့အိပ်နေတုန်းလား..."

ထွက်လာသည့်စကားသံကလေသံမျှခပ်တိုးတိုးသာ...။

"လုပ်ငန်းကအဆင်မပြေဘူးလားဦးသာ..အသော့်ကိုပွင့်ပွင့်လင်းလင်းပြောပါ...လိုအပ်ရင်အသော်အလုပ်ထွက်လုပ်မယ်လေ...သားတို့လည်းမူကြိုတက်နေရပြီပဲ.."

ပြန်ဖြေသံမကြားတော့သည့်အထိငြိမ်သက်တိတ်ဆိတ်သွားသူအားအသော်ကြည့်ရင်းသက်ပြင်းချလိုက်မိသည်...။

အသော်ကိုပင်ပန်းတာမမြင်ချင်ဘူးဆိုသည့်စကားကိုပဲတဖွဖွပြောကာအသော်အပါအ၀င်သားနှစ်ယောက်ကိုလည်းလိုလေးသေးမရှိဖြည့်ဆည်းပေးတက်သူကအမြဲလိုလိုဂုဏ်ယူမော်ကြွားနေတက်သည်...။

စီးပွားရေးဆိုတာမြင့်တစ်ခါနှိမ့်တလှည့်မို့ အသော်အနေဖြင့်အလုပ်လုပ်ရသည်ကိုပင်ပန်းတယ်ဟုမမြင်...။

အသော်ဘယ်အချိန်ကတက်ရောက်ကာအောင်မြင်ထားသလဲမမှတ်မိတော့သည့်အေလန်အဆင့်မြင့်ဆေး၀ါးသင်တန်းကျောင်းလက်မှတ်ရှိနေသည်မို့ထိုဆင်းလက်မှတ်ပါလျှင်အလုပ်ခန့်ချင်သူတွေပေါမှပေါ...။

ထပ်ဆောင်းလေးလကိုပါအောင်မြင်ထားသည့်လက်မှတ်ပါရင်အလုပ်ရဖို့အတွက်ကပိုသေချာသလောက်ရှိသည်..။

"ကိုယ်၅ရက်လောက်ခရီးတစ်ခုသွားမယ်...ခြယ်၀ါတို့နဲ့သွားနေမလား...၅ရက်ထက်လည်းကြာနိုင်တာမို့..."

ဆိုဖာပေါ်မှထရပ်ရင်းအပေါ်ထပ်ကုတ်ကိုပခုံးပေါ်ပစ်တင်ကာအပြုံးယဲ့ယဲ့ဖြင့်ပြောလာသည်မို့ အသော်ခေါင်းကိုငြိမ့်ပြလိုက်ပြီးတည်တည်ငြိမ်ငြိမ်အသံဖြင့်ပြောလိုက်သည်...။

အသျှင်ဆွတ်ခူးအံ့သော် (Completed)Where stories live. Discover now