မိမိအားကြည့်လျက် ချောက်ထဲသို့လှဲချသွားသည့်သူကား ဖခင်တစ်ယောက်တဲ့လား။ အလျင်အမြန်လက်ဆွဲလိုက်ပေမယ့် ထိုလူအိုကြီးမှာ အစအနပင်မမြင်ရပဲ ထိုချောက်နက်မှာလည်း အခိုးအငွေ့တို့ဖြင့် ပြည့်နှက်လျက်ပင်။ လူမှန်းသိတတ်စကတည်းက ဒါဏ်ရာတွေပေးခဲ့သည့်ဖခင်ဟာ သေသည်အထိ မိမိအား ဒါဏ်ခတ်သွားခဲ့လေသည်။
"တစ်ကိုယ်ကောင်းဆန်လိုက်တာ ခင်များက အတ္တသမားပဲသိလား အမြဲတမ်း ဒီသားဘက်ကိုမငဲ့ကြည့်နဲ့ ခင်များ နောက်ဘဝမှာ ဒီဝဋ်ကြွေးတွေ ခံစားရပါစေ"
ပြိုလဲနေသောမျက်ဝန်တို့နှင့် ချောက်ကမ်းပါးဘေး ဒူးထောက်ထိုင်နေတဲ့ရှောင်းကျန့်ဟာ ငြိမ်သက်နေသည်မှာ အသက်မဲ့နေသောလူတစ်ယောက်လိုပင်။
မိမိကိုယ်မိမိ အပြစ်တင်စိတ်လေးတောင်မရှိခဲ့တဲ့ ဖခင်ဖြစ်သူဟာ သူ၍မျှော်လင့်ချက်များအား ရိုက်ချိုးခဲ့ပြန်သည်။ ရှောင်းကျန့်အား တောင်းပန်ခဲ့သင့်တာ...ခမည်းတော် နောင်တပါတယ်၊ သားတော်အသက်ရှင်တာ ဝမ်းသာပါတယ်ဆိုပြီး ငိုကြွေးပြခဲ့သင့်တာ။ အခုတော့ဖြင့် သားတော်ဟုတောင်မခေါ်သွားတဲ့လူအိုကြီးဟာ အဆုံးအထိ သားဟုပင် မသတ်မှတ်ခဲ့သည်ထင်ပါရဲ့...။
မတ်ထပ်ထရပ်လိုက်တော့ တုန်ရိနေသောခြေထောက်တို့စာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားရသည်။
ဘာဖြစ်လို့များ ဒီအရှုပ်ထုပ်တွေကြောင့် ပြိုလဲနေရမှာတဲ့လဲ။ အဆုံးအထိ မုန်းတီးခဲ့သင့်တာ။ အခုတော့ဖြင့် မိမိရှေ့မှောက်မှာ ဖခင်ဟာ မိမိကိုယ်မိမိ အဆုံးစီရင်ရင်း သူ့အား ပြစ်ဒါဏ်ခတ်သွားပြန်သည်။*အဲ့ကတည်းက သေသွားလို့မဖြစ်ခဲ့ဘူးလား*
ဟား! လူအိုကြီး ခင်များမှန်တယ်။ အဲ့ကတည်းက သေသွားခဲ့ရင် အခုလို ဝဋ်ကြွေးတွေခံစားရမှာမဟုတ်ဘူး။ မွေးမလာခဲ့သင့်တာပဲ...။
အင်္ကျီရင်ဘတ်ထဲမှ အချက်ပေးသည့်ပစ္စည်းအားထုတ်ကာ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ခေတ္တအကြာမှာပဲ လုနန်ရောက်ရှိလာ၏။
"ဧကရာဇ်!"
"လုန်နန်...ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေး"
YOU ARE READING
Consort Wang
Fanfictionကြင်ယာတော်ဝမ်၏ ချစ်ခြင်းမေတ္တာသည် မည်သည့်အတိုင်းအတာအထိ ကျယ်ပြန့်သနည်း.... #cover photo from Pinterest