6 : ရုန်းထွက်လာခဲ့ပါ ဝမ်

885 95 10
                                    

အပြာရောင်ဝတ်ရုံအားဆင်မြန်းလျက် တရွေ့ရွေ့မျောလွင့်လာတဲ့ဝမ်ဟာ ဝမ်းနည်းစရာကောင်းလောက်အောင်ကို သနားဖို့ကောင်းနေခဲ့တယ်။ ချိုမြတဲ့သေရည်အရက်ကိုသောက်သုံးရင်း ဖြူဖျော့မှိန်ပြနေတဲ့ဝမ့်ကို ခေါင်မိုးအုတ်ကြွပ်ပေါ်ကနေ တစ်စိမ့်စိမ့်ထိုင်ကြည့်နေရတာက စိတ်ကိုမရွှင်မပြဖြစ်စေတယ်။ အကြည့်ကိုရွှေ့လို့ မညီညာတဲ့ခေါင်မိုးပေါ်လှဲချရင်း အနီရောင်သမ်းနေတဲ့ကောင်းကင်ကျယ်ကြီးကိုကြည့်ရတာကလည်း စိတ်ချမ်းသာစရာမကောင်းလှ။

"အပြာရောင်တဲ့လား...ဟက်* အဝတ်အစားကအစ စိတ်မချမ်းမြေ့စရာကောင်းလာရသလား"

ရှုပ်ထွေးနေတဲ့စိတ်ကိုအသာချလို့ သေရည်ကိုပဲ ပါးစပ်ထဲလောင်းချရင်း နှလုံးသားအတွင်းဆီကပူလောင်မှုကို မျှောချရသည်။

"ဘာလို့ ဒီလောက်တောင်စိတ်ရှုပ်စရာကောင်းလောက်အောင် သနားစရာပုံစံနေပြနေရတာလဲ ဝမ်"

မိမိလှဲချထားသောအဆောင်ထံမှတံခါးဖွင့်သံကြားခါမှ သက်ပျင်းသဲ့သဲ့ချမိသည်။

"ဒီငမိုက်သားကို အပြစ်မဆိုနဲ့ ဝမ်။ အသုံးမကျတဲ့ ချစ်ခြင်းမေတ္တာတွေကို ရင်ဝယ်ပိုက်ထားလို့ ဖြစ်လာရတဲ့အကျိုးဆက်ကို ကယ်တင်ပေးလိုက်ရုံပဲ"

ကိုယ်ဖော့ကာမြေပြင်ပေါ်သို့ဆင်းပြီး အဆောင်ထဲဝင်လိုက်တော့ သံအမတ်ကဆီးကြိုနေသည်။

အင်း...အသုံးမကျတဲ့ထဲ ဒီမကောင်းတဲ့သံအမတ်လည်းပါတယ်။

"အရှင်...ကြွလာပါပြီလား"

"အပြင်မှာစောင့်နေ"

"ဟို...အရှင်။ အပြင်မှာက နန်းတွင်းအစေခံတွေရှိတော့..."

"အသုံးမကျတဲ့မောင်းမင်းကို သံအမတ်အရာပေးထားတဲ့မယ်မယ့်ကိုလည်း ငါကိုယ်တော်စိတ်ဆိုးမိတယ်။ အဆောင်ရဲ့အနောက်ဘက်မှာပုန်းနေ မခေါ်မချင်းမဝင်လာနဲ့"

"မှန်...မှန်လှပါ အရှင်"

ပြတင်းပေါက်ဆီမှကျော်ထွက်ရန်ပြင်နေတဲ့သံအမတ်ကိုကြည့်ရင်း လက်ဖျားထိပ်ဆီမှချွန်ထက်လှတဲ့အပ်ကလေးအား သံအမတ်ရဲ့လည်ပင်းရှိရာဆီသို့ တန်းမတ်နေအောင်ပစ်ထုတ်လိုက်သည်။ အစ်ခနဲအသံထွက်ကာလဲကျသွားတဲ့သံအမတ်အားကြည့်ကာ ခေါင်းအသာခါမိလိုက်သည်။

Consort WangWhere stories live. Discover now