Part - 12 "Falling in love with Some1 "

Start from the beginning
                                    

“ Aww , ဟုတ်ကဲ့ပါခင်ဗျ ၊ ပြောပေးပါ့မယ်
နော် ”

Waiter လေးက ခွန်းနွေကို ပြောပြီး သူမတို့စားပွဲမှ Kitchen Room ဘက်စီသို့ ထွက်သွားသည်။

ခက်မွန် .. Waiter ဘက်မှ အမှာတက်လာ
တဲ့ Desktop Screen မှ Menu ‌အမှာ
လေးဖတ်ပြီး ခွန်းနွေတို့ 6ယောက်လားဟု
စိတ်ထဲတွေးနေသည်။

“ heyy .. ဘာတွေငေးပြီး တွေးနေတာလဲ? ”

ပိုးအိက ခက်ရဲ့လက်‌မောင်းကို သူမတံတောင်နဲ့
တွန်းတိုက်၍ မေးသည်။

“ Menu ကြည့်နေတာ ”

မင်းသန့်က ..

“ ဘာတွေပါလဲ ကျနော် ပြင်‌ပေးမယ်လေ ”

“ ရတယ် မင်းသန့် .. အစ်မတို့ပြင်လိုက်မယ်
မင်းသန့် အရင် ထမင်းသွားစားနှင့်လိုက် ”

မင်းသန့် ကို ခက်မွန်က ပြန်ပြောလိုက်သည်။

“ ရလား? အစ်မတို့ချည်းပဲဆို ပွဲကများလား? ”

“ သိပ်မများဘူး ရတယ် မင်းသန့် ”

“ ဟုတ် .. အဲ့တာဆို ကျနော် ထမင်းသွား
စားပြီနော် ”

“ Omm ”

ဆုမြတ်က Juice နဲ့ အအေးတို့ဖျော်ပြီး
အသီးပွဲပြင်သည်။ ပိုးအိနဲ့ ခက်က ဟင်းပွဲ
တွေပြင်သည်။

သူမတို့ ပြင်ပြီး Ready ဖြစ်တော့ Waiter
နဲ့ Waitress တို့အား bell တီး၍ ခေါ်လိုက်သည်။ Waiter လေး တစ်ဦးမှ ပြင်ဆင်ပြီး‌ သော Menu များလာယူရင်း ..

“ မခက်မွန် Dinning Hall က Table 12
က ကျောင်းသူလေးတွေက အစ်မ အသိနဲ့တူတယ် အစ်မကို ‌သူတို့ရောက်နေကြောင်းကိုပြောခိုင်းလို့ပါ ”

“ အာ .. ဟုတ် ကျေးဇူးပါနော် ”

“ ခွန်းနွေတို့နဲ့တူတယ် ”

“ အွန်း .. ဟုတ်တယ် ပိုး .. ဒီနေ့ lunch time ကျ ဒီမှာလာစားမယ်ပြောထားတယ် ”

“ မုန့်ထုပ်တွေ ပေးလိုက်ဦး ”

“ အွန်း .. နင်တို့၂ယောက်ပါ ခဏလိုက်ခဲ့လေ ”

“ Ok .. ”

ခက်မွန် တို့ ၃ယောက် မုန့်ထုပ်တွေယူ၍ Dinning Hall စီသို့ ထွက်လာခဲ့ကြ
သည် ..

ခွန်းနွေတို့ ၆ယောက်က သူမတို့ကို မြင်တော့ လက်လေး လှမ်းပြကြသည်။
ခက်မွန်တို့ ဘေးက Table အလွတ်က ခုံဆွဲ
ယူ၍ လွတ်နေတဲ့ ခွန်းနဲ့ သဇင့်ကြား ဝင်ထိုင်
လိုက်သည်။

Falling In Love with SomeoneWhere stories live. Discover now