ကိုကို အရှေ့ကနေရှောင်ထွက်ပေးလိုက်မှ ကိုယက ခြံထဲကိုမောင်းဝင်လာကာ ကားပေါ်ကနေဆင်းလာပြီး သူမအရှေ့တွင်ဘာမပြောညာမပြောနှင့်ရပ်နေပြီး သူမကို ခါးထောက်လိုက် လက်ကိုဆံပင်တွေကြား ထိုးဖွလိုက်နှင့် တစ်ခုခုကိုပြောချင်သလိုလိုလုပ်‌ နေသော ထိုလူ...

လူကိုထုရိုက်ချင်နေသလိုလိုအသံတိတ်ပြုမှုနေသည့်‌မြေခွေးသည် လှစ်ခနဲ့ပြုံးလိုက်တာကိုလဲ တွေ့လိုက်သေးတယ်။သူဘာကိုသဘောကျနေတာလဲ?

"ရိုက်သတ်ချင်စရာ...ဘယ်လိုလေးလဲမသိဘူး"

သူ့တကိုယ်တည်းကြားအောင်ပြောလိုက်ပေမယ့် သူမကြားဖြစ်‌အောင်ကြားလိုက်သေးသည်။ အိမ်‌ထဲဝင်သွားလျှင် သူ့အနောက်ကိုအမှီပြေးလာလိုက်ရတော့သည်။

အိုး...ဖွင့်ပြောလိုက်မိတာ ကိုကိုရှက်လိုက်တာ...

ကိုကို့ရဲ့အချစ်တွေ ရေဆုန်မြောပြီးထင်ပါရဲ့...

"ငါအပြင်ခနသွားမလို့ မင်းနေခဲ့လို့အဆင်ပြေရဲ့လား"

"ဟင်...အပြင်....အင်.."

အိမ်ရောက်တာနှင့်ရေတန်းချိုးကာ အင်္ကျီအဝတ်အစားလဲနေသည့် သူ့အနားမှာရှိနေသည့်သူမကို သူမေးလျှင် ကိုကိုလဲအယောင်အမှားမှားနှင့် "အ"ထစ်"အ"ထစ်ဖြစ်နေရ၏။

ဒီနေ့ သူနဲ့ကိုကိုရဲ့အကြောင်းကိုလဲ သူ‌မေ့ပစ်ချင်ထားတာလားဆိုတာ မေးချင်ပေမယ့် သူက ဘာကိုအလျှင်လိုနေမှန်းမသိကာ ကိုကို့မှာမျက်မှောက်ကြုတ်နေကာ စဉ်းစားခန်းဖွင့်နေရင်း နှုတ်ခမ်းကထွက်ကျလာတော့သည်။

"ကိုယ"

"ကိုယ"

သူမကြားလိုက်ဘူးထင်လို့ နှစ်ခါ‌ခေါ်တော့ သူကိုကို့ဘက်လှည့်လာတော့မှ မရဲတရဲလေသံဖြင့်...

"ကိုကို ဖွင့်ပြောတာ စိတ်ဆိုးသွားလားဟင်"

"ငါစိတ်ဆိုးရင်ကော မင်းကမပြောဘဲနေမှာ မလို့လား"

ပါးစပ်ပိတ်လိုက်ရသည်။သူ့ဘက်ကအခုချိန်မှာ အသာစီးပဲလေ...

သူက ဒီညကျမှဘာစိတ်ကူးပေါက်နေလဲမသိ ခါတိုင်း night outထွက်သည့်အခေါက်တိုင်းထပ် ပိုပြီး သန့်ပြန့်နေတယ်လို့ ခံစားနေရသည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now