"ဘာ ဘာပြောတယ် မင်းသေချာပြောစမ်းပါ.."
"တစ်ယောက်ယောက်က မမလေးကိုကြားဖြတ်ခေါ်သွားပါတယ်..""ဘာ..."
သူအမြန်ထပြေးထွက်လာခဲ့သည်။
ခခ ကိုလက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်
ထားတဲ့လက်စွပ်ဘူးလေးကဒီအတိုင်းစား
ပွဲပေါ်မှာတင်ကျန်ရစ်ခဲ့သည်။သူထွက်သွားမှ အကွယ်ကနေထွက်လာ
တဲ့စီလင်း.. ထိုဘူးထဲကလက်စွပ်ကိုသူ
မလက်မှာဝတ်ဆင်လိုက်ရင်း.."ကျွန်မအတွက် ရှင်ရည်ရွယ်တာမဟုတ်
ပေမယ့်... နောက်ဆုံးတော့ကျွန်မလက်
ထဲရောက်လာတာပါပဲ..">>>>>>>>>>>>
သူအလှပြင်ဆိုင်ကို လိုက်သွားပြီးနောက်..ခန့်မှန်းရသလောက်ဆို ခခကိုခေါ်သွား
တာကအဖေပဲဖြစ်မည်...သူbloodအိမ်သို့ဝုန်းဒိုင်းကြဲရောက်ချလာ
သည်။
သခင်ကြီးကအိမ်မှာရှိနေပြီး..သူ့ကိုစီးကာ"အိမ်ပြန်လာတာ ကြိုဆိုပါတယ် သား.."
"သူမ ဘယ်မှာလဲ.. "
"မင်းဘာကိုပြောမှန်း..""အဖေ..သူ့ကိုမထိနဲ့လို့ သေချာပေါက်
ပြောဖူးတယ်နော်.."
"ငါလည်း မင်းကိုသတိပေးခဲ့ဖူးပါတယ်..
မင်း မိန်းကလေးတစ်ယောက်ကိုချစ်မိရင်
ဘာဆက်ဖြစ်မလဲဆိုတာ.."" ခင်ဗျား...တော်တော်ယုတ်မာတာပဲ...
ကျုပ်က ခင်ဗျားရဲ့သားအရင်းမှဟုတ်ရဲ့လား..""မင်းနဲ့ငါ.. ဒီအကြောင်းတွေပြောဖို့ စော
လွန်းနေတာ..ဒါမှမဟုတ်အရမ်းနောက်
ကြသွားတာ.. တစ်ခုခုပဲ..""ခင်ဗျား ဘာလိုချင်တာလဲ.. "
"မင်းစွန့်လွှတ်လိုက်တဲ့..bloodဆိုတဲ့ငါ့သားကိုပြန်လိုချင်တာ.."
" ခင်ဗျားကကျုပ်ကို နောက်ဆုံးအထိ
အလွှတ်ပေးဖို့စိတ်ကူးမရှိဘူးကိုး..""တစ်ခါ ဂိုဏ်းစတားဖြစ်ပြီးရင်တစ်သက်လုံး ဂိုဏ်းစတားပဲ.. ကိုယ့်ဘ၀ကိုယ်စွန့်
ချင်တဲ့မင်းကမှ ရူးနေတာ..အဲ့မိန်းခလေးကိုစွန့်လွတ်ပြီး..ပုံမှန်ဘ၀ထဲကိုမင်းပြန်လာခဲ့...."
"ခင်ဗျားပြောသလို မလုပ်နိုင်ဘူး ဆိုရင်ကော..""ဒါဆို မင်းကောင်မလေးသေရလိမ့်မယ်."
"ခင်ဗျား.."အနီသွေး ဒေါသထွက်ကာသူ့အဖေရဲ့
အကျီလည်ပင်းစကိုဆွဲချုပ်ထားသည်။
အဖေ့ရဲ့ တပည့်တွေကလည်းသူ့ကိုနောက်ကနေသေနတ်နဲ့ချိန်ရွယ်ထားသည်။
"မင်း ငါ့ကိုသတ်ရင် မင်းကောင်မလေးလည်းသေရမှာပဲ...
သူမကို မင်းလုံးဝရှာတွေ့မှာမဟုတ်ဘူး.."
YOU ARE READING
When a man falls in love...(Complete)
part 19 zawgyi
Start from the beginning