part 18 zawgyi

615 9 0
                                    

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်...
When a man falls in love...

အပိုင်း...၁၈

သူမရဲ့အိပ်ခန်းထဲသို့ တိတ်တိတ်ကလေး
ပြန်ဝင်လာတဲ့ခခ...
ဒီနေ့လည်း သူလူသတ်ပြန်ပြီ..
တကယ်ပဲ.. သူ့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲ...

အဲ့ဒီနေ့က..
သူ‌ရောက်လာပြီးနှုတ်ဆက်စကားပြော
တော့.. သူမရဲ့နှလုံးသားတွေပဲ့ကြွေလုမျှ
နာကျင်ခဲ့ရသည်။
ဒီလူကိုမုန်းတယ်ဆိုပေမယ့်...အချစ်ကလည်း အချိုးအဆတူညီစွာရင်တွင်းမှာ
ကိန်းအောင်းနေဆဲဖြစ်သည်။

သူက ထွက်သွားပါလို့ပြောပြီး ဖိနပ်ပါ
စီးပေးခဲ့ပေမယ့်...
လေယာဉ်ပေါ်တတ်ကာနီး...
"မေမေ သမီးကိုခွင့်လွှတ်ပါ..
သူ့ကိုဒီအတိုင်း မထားခဲ့နိုင်ဘူး...
အဲ့ဒီလူက သမီးမရှိရင် ဒီထက်ပိုဆိုးသွား
လိမ့်မယ်မေမေ.."

"သမီးအခုနေထွက်မပြေးရင် နောက်ဘယ်တော့မှထွက်သွားနိုင်မှာမဟုတ်တော့ဘူး.."

"အခု ထွက်သွားရင်လည်း..သမီးပျော်ရွှင်
နိုင်မှာမဟုတ်တော့ဘူး.."

"အနီသွေး ကိုအဲ့လောက်တောင်ချစ်ရသလား...
တကယ်မိုက်မဲတဲ့ မိန်းကလေးပဲ..."

"တောင်းပန်ပါတယ် မေမေ.."

"ဘယ်သူကိုသွားအပြစ်တင်ရမှာလဲ...
မင်းကမေမေနဲ့သိပ်တူနေတာကို..

နိုင်ငံရေးသမားဘ၀ကိုရူးသွပ်တဲ့မင်းအဖေကြောင့်.. မေမေကကိုယ့်ဘ၀ကိုယ်
အဖြည့်ခံတစ်ယောက်အနေနဲ့နေခဲ့ရတယ်..
မင်းကိုတော့ မေမေ့လိုမဖြစ်စေချင်ဘူး..
ဒါပေမယ့် အခုမှတော့ဘယ်တတ်နိုင်မလဲ..

တစ်ခုတော့မှတ်ထားပါသမီး..
သူကလွယ်လွယ်နဲ့ပြောင်းလဲနိုင်မယ့်လူ
မဟုတ်ဘူး..
မဖြစ်နိုင်ဘူးလို့ထင်တဲ့တနေ့..သမီးအနေနဲ့ လက်လျှော့ရကောင်းမှန်းသိပါ..
မေမေ့ကို ကတိပေး..
အဲ့အချိန်ကြရင်တော့ အနီသွေးကိုတကယ်မေ့ပစ်မယ်လို့ကတိပေးပါ.."
"ဟုတ်ကဲ့ သမီးကတိပေးပါတယ်မေမေ."
......
ကိုယ့်မှာတော့မိဘကိုဆန့်ကျင်ပြီး.. လေ
ဆိပ်ကနေလှည့်ပြန်လာတာ...
သူကတော့အခုထိလူသတ်လို့ကောင်းတုန်း...ခင်ဗျားကြီးတော့...
>>>>>>>>>>>>>>

When a man falls in love...(Complete)Where stories live. Discover now