Part 17 uni

3.5K 157 6
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၁၇

ခခ..ကိုမိဘတွေဖြစ်စေချင်တဲ့အတ်ိုင်း အရာရာအားလုံးသင်ယူပြီးထက်မြက်တဲ့
မိန်းကလေးတစ်ယောက်ဖြစ်လာရမည်..

ဒါကြောင့် အခုမှသင်ယူစရာတွေကလည်း
များလို့သင်တန်းတွေကလည်းတောက်
လျှောက်ရှ်ိနေသည်။

သင်တန်းတစ်ခုကအဆင်း..သူမရဲ့ကား
ပေါ်လှမ်းတတ်လိုက်တယ်ဆိုရင်ပဲ..
"ဟင်.. ဒါဘယ်လိုဖြစ်တာလဲ.. "

သူမရဲ့ဘော်ဒီဂတ်ထဲက၁ယောက်ကို
ကားပေါ်မှာတိတ်နဲ့ပါးစပ်ပိတ်ပြီး.. လက်တွေခြေတွေကိုချုပ်နှောင်ထားသည်။

မောင်းသူနေရာမှာထိုင်နေတာကဒိုင်းရိပ်..
"ရှင်အတင့်ရဲလှချည်လား.."

ဒိုင်းရိပ်ကသေနတ်နဲ့ထိုဘော်ဒီဂတ်ကိုချိန်
ထားရင်း...
"မမလေး.. သူ့ကိုမသေစေချင်ဘူးဆိုရင်
ကျွန်တော်နဲ့တစ်နေရာကိုလိုက်ခဲ့ပါ..
ခဏပါပဲ.... သေချာပေါက်ပြန်ပို့ပေးမယ်
လို့ကတိပေးပါတယ်.."

"ကောင်းပြီလေ.. ပြောတဲ့အတိုင်းမဟုတ်ရင်တော့..ကျွန်မကားမှာGPSရှိတယ်..
ရှင်တို့လုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတာ
သိထားပါ.."

ဒိုင်းရိပ်..ခေါင်းညိတ်ပြပြီးတစ်နေရာကို
မောင်းနှင်လာခဲ့သည်။

ဆေးခန်းလိုနေရာတစ်ခုပေမယ့်..
ဘာနာမည်မှတပ်မထားပါ..
"သူ ကဒီလိုခေါ်လာဖို့အမိန့်ပေးထားတာ
လား.."
"မဟုတ်ပါဘူး.. သခင်လေးကအခုအဲ့လို
တောင်မလုပ်နိင်ပါဘူး..."

ဒိုင်းရိပ်ဦးဆောင်ခေါ်သွားတဲ့အခန်းတစ်ခု
ထဲကိုဖွင့်၀င်လိုက်သောအခါ...
ဟင်...
Bloodက ကုတင်ပေါ်မှာဆေးပိုက်တန်း
လန်းနဲ့လှဲလျောင်းနေသည်။

သူမရုတ်တရက်ထိတ်လန့်သွားပေမယ့်
ဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်
သည်။

"သခင်လေးက သေဖို့အထိစဉ်းစားနေပါတယ်.."
"အဲ့တာ ကျွန်မနဲ့ဘာဆိုင်လဲ.."

"အဲ့လိုမလုပ်ပါနဲ့... နှစ်ယောက်သားချစ်ခဲ့
ကြတာပဲ.."

"မဟုတ်ပါဘူး... ကျွန်မကလူယုတ်မာတစ်ယောက်ရဲ့ မာယာထဲမှာ ဘ၀စတေးခဲ့ရတာပါ.."

When a man falls in love...(Complete)Where stories live. Discover now