"အမလေး..ဘုရားရေ..."

ပျောက်သောသူရှာရင်တွေ့တဲ့...
ကမ္ဘာပေါ်မှာကိုယ်အတွက်နေရာတစ်ခု
ရှိနေပြီး မည်မျှပင်ဝေးကွာခဲ့ပါစေ..
တစ်နေ့တော့ပြန်လည်‌ရောက်ရှိရစမြဲပါ..

လူတစ်ယောက်ရဲ့ကမ္ဘာမှာ နေ၀င်လို့အမှောင်ဖုံးလွှမ်းနေပေမယ့်..
အခြားကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာတော့..
မျှော်လင့်ခြင်းဆိုတဲ့နေရဲ့အလင်းရောင်တွေနဲ့.. တစ်ဖန်ပြန်လည် လှပနေတော့မည်သာ...

>>>>>>>>>>>>>>>
ဒီအဖြစ်အပျက်တွေအပြီး ၂လအကြာ
Jewally  show..
အရည်အသွေးမြင့်မားတဲ့ကျောက်မြတ်
ပြပွဲတစ်ခုသို့..bloodလည်းဖိတ်ကြားခံရသည်။
လူကြီးမင်းနဲ့ရင်းနှီးတာတစ်ကြောင်း၊သူ့
လုပ်ငန်းအတွက်လည်းလိုအပ်တာကြောင့်.. သူတတ်‌ရောက်လာသည်။

၇တနာရှိုးဖြစ်ပြီး မော်ဒယ်လေးများမှတစ်ခုဆီသယ်ဆောင်ကာ..လူရှေ့ချပြသည်။
လိုချင်သူတွေလေလံအပြိုင်ဆွဲကြသည်။

သူသိပ်စိတ်မ၀င်စားတာကြောင့်ကော့တေးတစ်ခွက်လှမ်းယူသောက်ရင်း ရပ်ကြည့်နေလိုက်သည်။

"နောက်ထပ်ပြသမှာကတော့..ဒီနေ့ပွဲရဲ့
တန်ဖိုးအရှိဆုံး အရည်အသွေးမြင့်ပတ္တမြားငမောက်တစ်လုံးပဲဖြစ်ပါတယ်.."

ထိုပတ္တမြားအား နတ်မိမယ်လေးတစ်ဦးမှ
သယ်ဆောင်လာခဲ့သည်။

ခွမ်း... bloodကိုင်ထားတဲ့ကော့တေးခွက်ပင်လွတ်ကြသွားသည်။
"Baby.."

ထိုနတ်မိမယ်လေးက သူလွန်ခဲ့တဲ့၂လ
လုံးလုံးအသဲအသန်ရှာဖွေခဲ့သော..သူမ..
ဒီဇိုင်းကာလာ ဘာညာပြောင်းသွားပေမယ့်လည်း.. ရင်ဘတ်ချင်းဆက်ခဲ့ဘူး
တာကြောင့် သူအနေနဲ့လူမမှားနိုင်ပါ...

ရတနာပြပွဲရဲ့ပိုင်ရှင်ဖြစ်တဲ့ လူကြီးမင်းကတော်ဒေါ်ခင်ခင်ထား..စင်ပေါ်တတ်လာပြီး..

"တကယ်တော့ ဒီနေ့ပွဲမှာပတ္တမြားငမောက်ထက်ပိုပြီး တန်ဖိုးရှိတဲ့ရတနာတစ်ခုကျန်နေပါသေးတယ်..
အဲ့တာကတော့ ကျွန်မရဲ့သမီးလေး
မိုးသားကြယ်စင်ပါပဲ..
ဒါက ကျွန်မရဲ့သမီးလေးပါ...ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ရတနာ
တစ်ပါးပါပဲ.."

When a man falls in love...(Complete)Where stories live. Discover now